Sony Xperia 1 II, Xperia 10 II နဲ့ L4 ရဲ့ ဈေးတွေနဲ့ ရောင်းမယ့်အချိန်ကို ကြေညာပြီ

Sony က မကြာခင်ကပဲ Sony Xperia 1 II, Xperia 10 II နဲ့ L4 တို့ကို ကြေညာခဲ့ပေမယ့် ဈေးနဲ့ ရောင်းမယ့်အချိန်ကို မပြောခဲ့ပါဘူး။ အခုတော့ အဲဒီ သတင်းအချက်အလက်တွေကို သိလာရပါပြီ။ Sony Xperia 1 II ကို ဒီနှစ် ဧပြီလနဲ့ ဇွန်လအတွင်း ရောင်းမှာ ဖြစ်ပြီး အနက်နဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားမှာပါ။ 5G Model ကို ၁၂၀၀ ယူရို သတ်မှတ်ထားပြီး 4G Model မရှိပါဘူး။ 8/256GB ၁ မျိုးပဲပါပါတယ်။

Xperia 10 II ကိုလည်း ဧပြီလနဲ့ ဇွန်လအတွင်းမှာ ရောင်းမှာ ဖြစ်ပြီး အနက်နဲ့ အဖြူရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 4/128GB ပါတဲ့ 4G Model ကို ၃၇၀ ယူရို သတ်မှတ်ထားပါတယ်။ Xperia L4 ကိုလည်း အဲဒီကာလအတွင်းမှာပဲ ၂၀၀ ယူရိုနဲ့ ရောင်းမှာ ဖြစ်ပြီး အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ 3/64GB ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ နိုင်ငံအလိုက် ရောင်းချချိန် ကွဲပြားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: