Desktop များအတွက် ဒီဇိုင်းပြန်ဆွဲထားတဲ့ Messenger app ကို Yahoo ထုတ်ပြန်

Verizon ဟာ Yahoo ကို ဒေါ်လာ ၅ဘီလျံနီးပါးနဲ့ ဒီအပတ်အစောပိုင်းမှာ ဝယ်ယူဖို့ သေချာသလောက်ဖြစ်နေချိန်မှာ Yahoo အနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အရင်ကတည်းက ကျွန်တော်တို့အသုံးပြုနေတဲ့ Yahoo Messenger App ဆိုတာကိုမေ့နေကြလောက်ပေမယ့် လတ်တလောအတွင်းမှာ Desktop ကွန်ပျူတာတွေအတွက် Yahoo Messenger App ကို ဒီဇိုင်းပြန်လည်ရေးဆွဲပြီး ပြန်လည်ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။

ဒီ App ကို Mac နဲ့ Windows တွေမှာရနိုင်ပြီဖြစ်ပြီး လာမယ့် ၆လအတွင်းမှာ ဒီဇိုင်းပြန်လည် ပြင်ဆင်ထားတဲ့ Yahoo Messenger ကို web, iOS နဲ့ Android တွေမှာ ရရှိနိုင်တော့မယ်လို့ သတင်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။

Yahoo အနေနဲ့ Desktop App အဟောင်းကို ဆက်လက်ထားရှိပေးထားမှာဖြစ်ပေမယ့် လာမယ့် သြဂုတ်လ ၅ရက်နေ့က စတင်ပြီး ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို Yahoo ဟာ သူတို့ရဲ့Tumblr စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Desktop Messenger ဗားရှင်းအသစ်မှာ ပေါ်ပြူလာအဖြစ်ဆုံး လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ un-seanding messages, GIF တွေ Share လုပ်တာ, Drag-and-Drop Photo Sharing စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Tech Portal, Venture Beat

%d bloggers like this: