0 Shares 40 Views

K4, K5, K8 စသည့် K series စမတ်ဖုန်းများအား LG ထပ်မံမိတ်ဆက်

တောင်ကိုးရီးယား နည်းပညာကုမ္ပဏီ LG က သူတို့ရဲ့ K-Series စမတ်ဖုန်းတော်တော်များများကို အင်္ဂါနေ့က ထပ်မံမိတ်ဆက်ပြသခဲ့ပါတယ်။ ကုမ္ပဏီရဲ့ Facebook စာမျက်နှာမှာဖော်ပြချက်အရ နောက်ထပ် မော်ဒယ်အသစ်တွေကိုလည်း အနာဂါတ်မှာ ထပ်မံမိတ်ဆက်မယ်လို့ သိရပါတယ်။ LG ဟာ လွန်ခဲ့တဲ့အပတ်က CES 2016 ပွဲမှာလည်း K10 နဲ့ K7 စမတ်ဖုန်းတွေကို ကြေငြာခဲ့သေးပါတယ်။

Facebook မှာ LG က LG K4, LG K5, LG K7 နဲ့ K10 တို့ကိုမိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။ K10 နဲ့ K7 တွေကို ကြေငြာခဲ့ပြီးတဲ့နောက် ဒီပွဲမှာတော့ ဖုန်းတွေအကြောင်းကို အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဒီအပတ်အစောပိုင်းကလည်း LG ဟာ K10 နဲ့ K7 တို့အတွက် တရားဝင်ဗီဒီယို တစ်ခုကို You Tube မှာ တင်ခဲ့ပါသေးတယ်။ K4 ဟာ K7 နဲ့ K10 တို့ထက် သေးငယ်ပြီး အဆိုပါဖုန်းနှစ်မျိုးကတော့ ၅လက်မနဲ့ ၅.၃လက်မ အသီးသီးရှိကြတယ်လို့ သိရပါတယ်။

LG ဟာသူတို့ရဲ့ K Series စမတ်ဖုန်းတွေကို ဒီလအစောပိုင်းမှာမှ စတင်ကြေညာတာဖြစ်ပြီး အဲ့ဒီအမျိုးအစားတွေဟာ L-Series ထက်ပိုမို အောင်မြင်မှုရှိတယ်လို့သိရပါတယ်။ သုံးစွဲသူတွေရဲ့ ပြောကြားချက်တွေ အရ K10 စမတ်ဖုန်းဟာ ဒေသပေါ်မူတည်ပြီး 3G နဲ့ LTE ကိုမျိုးကွဲတွေ,RAM မျိုးကွဲသုံးခု, Processor မျိုးကွဲနှစ်ခုနဲ့ ကင်မရာ မျိုးကွဲနှစ်ခု စသည်ဖြင့် အထဲမှာ ပါဝင်တဲ့ Feature တွေကွဲပြားတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
63 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
305 shares94 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category