Sony က စွမ်းရည်သင့် Xperia 10 II ကို မိတ်ဆက်

Sony က Xperia 10 Mark Two လို့ အသံထွက်တဲ့ Xperia 10 II ကို မိတ်ဆက်လိုက်ပါတယ်။ Sony က သူ့ရဲ့ Alpha DSLR ကင်မရာတွေရဲ့ နာမည်ပေးနည်းအတိုင်း ပေးထားတယ်လို့ ပြောပါတယ်။ Xperia 10 II ဟာ OLED မျက်နှာပြင်သုံးထားတဲ့ Sony ရဲ့ ပထမဆုံး စွမ်းရည်သင့် ဖုန်း ဖြစ်ပါတယ်။ ၆ လက်မ Full HD+ မျက်နှာပြင် ဖြစ်ပြီး 21:9 အချိုးသုံးထားတဲ့အတွက် ရုပ်ရှင် ၊ ဗီဒီယိုတွေ ကြည့်ရင် လန်းပါတယ်။

Snapdragon 665 Processor က စွမ်းရည်သင့်ပြီး 4GB RAM , 128GB Storage တွေ ပါပါတယ်။ 3600mAh ဘက်ထရီက အရင်မျိုးဆက်ရဲ့ 2780mAh ထက် ပိုများလာပါတယ်။ Sony ရဲ့ ထုံးစံအတိုင်း ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 12MP Main , 8MP Ultrawide နဲ့ 8MP Telephoto တွေ ဖြစ်ပါတယ်။ 21:9 Image Capture နဲ့ 4K Video Recording ပါလာပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ Android 10 OS မောင်းနှင်ထားပြီး အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဈေး မသိရသေးပေမယ့် နွေဦးမှာ ရောင်းမှာပါ။

Ref : androidauthority

%d bloggers like this: