Sony Xperia Devices အသစ် မိတ်ဆက်ပွဲကို ဒီမှာ Live ကြည့်လိုက်

MWC 2020 ပွဲကို ဖျက်သိမ်းလိုက်ပေမယ့် Sony က နောက်မျိုးဆက် Xperia Series တွေကို အွန်လိုင်းကနေ ကြေညာတော့မှာပါ။ အနည်းဆုံး ဖုန်း ၂ လုံးကြေညာနိုင်ပြီး စွမ်းရည်မြင့် Xperia 1 နဲ့ စွမ်းရည်သင့် Xperia 10 II တို့ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် နေ့လည် ၂ နာရီလောက်မှာ မိတ်ဆက်ပွဲ စတင်မှာ ဖြစ်ပြီး အောက်မှာ Live ကြည့်နိုင်ပါတယ်။

Xperia 1 မှာ ၆.၆ လက်မ OLED မျက်နှာပြင်၊ အနောက်ကင်မရာ ၃ လုံးပါမယ်လို့ သတင်းထွက်နေပါတယ်။ Xperia 10 ရဲ့ မျိုးဆက်သစ်ကိုလည်း မကြာခင် မြင်ရတော့မှာပါ။

Ref : gsmarena

%d bloggers like this: