Windows 10 နှစ်ပတ်လည် update မှာ Cortana ပိတ်ဖို့ခလုတ်ကို ဖြုတ်ပစ်တော့မယ့် Microsoft

Microsoft ဟာ Window 10 နှစ်ပတ်လည် update ကို နောက်တစ်ပတ်၊ သြဂတ်စ်လ ၂ ရက်နေ့မှာ ထုတ်ပေးသွားမှာဖြစ်ပြီး၊ အဆိုပါ update မှာ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကို Windows 10 သုံးစွဲသူတွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။

အသုံးပြုသူစေခိုင်းသမျှသတင်းအချက်အလက်တာဝန်တွေကို လုပ်ဆောင်ပေးနိုင်တဲ့ ဒီဂျစ်တယ်လက်ထောက် (digital assistant) ဆော့ဖ်ဝဲတွေ ခေတ်စားလာတဲ့ နည်းပညာခေတ်ကြီးမှာ Microsoft ဟာ ၎င်းတို့ရဲ့ Cortana ဆော့ဖ်ဝဲကိုလည်း Windows 10 အသုံးပြုသူတွေ မဖြစ်မနေသုံးဖြစ်အောင်လုပ်သွားဖို့ရှိပါတယ်။ (Cortana အကြောင်းနဲ့ အသုံးပြုပုံကို မကြာမီတင်ဆက်သွားပါမယ်။)

အရင်တုန်းကတော့ Windows မှာပါဝင်တဲ့ Cortana ကို မသုံးချင်ရင်ပိတ်ထားလို့ရပေမယ့်၊ အသစ်ထွက်မယ့် W10AU မှာတော့ အဆိုပါ ခလုတ်ကို ဖြုတ်ထားတော့မှာဖြစ်ပါတယ်။

Cortana မသုံးချင်သူတွေအတွက် ကံကောင်းတာတစ်ခုကတော့ Cortana ကို မဖြစ်မနေ Sign In လုပ်ထားရာစရာမလိုဘဲ၊ ကိုယ့်ပရိုဖိုင် ဆောက်ပေးစရာလိုမှာမဟုတ်ပါဘူး။ Privacy လုံခြုံရေးတက်ကြွသူတွေအနေနဲ့ သွေးပျက်စရာမလိုသေးပါဘူး။

ဒါပေမယ့် Microsoft ရဲ့ အာဏာရှင်ဆန်ဆန် ရွေးချယ်ခွင့်မပေးတဲ့လုပ်ရပ်တွေကတော့ အနည်းငယ်စိတ်ပျက်စရာကောင်းတယ်လို့ ဆိုရမှာပါ။ ပထမဆုံး Windows 10 ကို အတင်းအကြပ် upgrade လုပ်ခိုင်းတာတွေ၊ အခုလို Cortana ကို ပိတ်ထားလို့မရတာတွေ အပြင်၊ အခုထွက်မယ့် Windows 10 Anniversary Update ကိုလည်း သင်ရှောင်ရှားလို့ရမှာမဟုတ်ပါဘူး။

Ref: MS Power User

 

 

%d bloggers like this: