Galaxy S7 ရဲ့ရောင်းအားက Samsung ကို နှစ်နှစ်အတွင်းမှာ အကျိုးအမြတ်အများဆုံး ဖြစ်ပေါ်စေခဲ့

Samsung အီလက်ထရောနစ်ဟာ သူတို့ရဲ့ ဒုတိယမြောက် သုံးလပတ်ဝင်ငွေကို ထုတ်ဖော်ခဲ့ရမှာ ဒီအစောပိုင်းကာလတွေဟာ ကုမ္ပဏီရဲ့အကျိုးအမြတ်ကို နှစ်နှစ်အတွင်းမှာ အခိုင်မာဆုံးရရှိစေခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Samsung ရဲ့ စုစုပေါင်းဝင်ငွေဟာ ၅၀.၉၄ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၅.၂ဘီလီယံ) အထိရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကထက် ၅ရာခိုင်နှုန်းတို့တက်ခဲ့တဲ့အပြင် လုပ်ငန်းလည်ပတ်မှုအကျိုးအမြတ်(အသားတင်အကျိုးအမြတ်) ကတော့ ၈.၁၄ထရီလီယံ (ဒေါ်လာ ၇.၂၂ဘီလီယံ) အထိရောက်ရှိခဲ့လို့ ယခင်နှစ်ကထက် ၁၈ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာပါ။

ဒီအထဲမှာ Samsung ရဲ့ Mobile ကရရှိတဲ့ ဝင်ငွေနဲ့ အကျိုးအမြတ်ဟာ Samsung ကုမ္ပဏီတစ်ခုလုံးရဲ့ဝင်ငွေနဲ့အကျိုးအမြတ်ရဲ့ တစ်ဝက်ကျော်ပါဝင်ခဲ့ပြီး ဒီနှစ်ဦးပိုင်းလောက်မှာ စတင်ထုတ်လုပ် ရောင်းချခဲ့တဲ့ Galaxy S7 နဲ့ S7 Edge တို့ရဲ့ရောင်းအားခိုင်မာမှုကလည်း အဓိကကျခဲ့ပါတယ်။

htc 10 and galaxy s73

အဲ့ဒီအထဲမှာမှ ပိုမိုကြီးမားပြီး ဈေးနှုန်းလဲ ပိုမိုများပြားခဲ့တဲ့ Edge စမတ်ဖုန်းဟာ Galaxy S7 ရောင်းချရမှုရဲ့ တစ်ဝက်ကျော်လောက်ထိကို နေရာယူထားခဲ့တာပါ။ အဲ့ဒီအပြင် Samsung ရဲ့ အလယ်အလတ်တန်းနဲ့ အနိမ့်တန်းစမတ်ဖုန်းတွေရဲ့ ရောင်းအားကလည်း အကျိုးအမြတ်များစွာကို ဖန်တီးပေးခဲ့တာပါ။

Samsung က သူတို့အနေနဲ့ ဒီလိုခိုင်မာတဲ့ ရောင်းအားကို “မျက်နှာပြင်ပိုမိုကြီးမားတဲ့ အဓိကစမတ်ဖုန်းကိုထုတ်လုပ်ပြီး (Galaxy Note7 ဖုန်းကိုရည်ညွှန်း)”လာမယ့် သုံးလပတ်အထိ ဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: The Verge

%d bloggers like this: