Apple ကင်မရာထက်ပိုကောင်းတဲ့ Microsoft ရဲ့ AI စနစ်သုံး Pix ကင်မရာ app

Microsoft ဟာ iPhone အတွက် ကင်မရာ app အသစ်တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပြီး၊ Apple ရဲ့ ကင်မရာထက်တောင် ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

Pix လို့ အမည်ပေးထားတဲ့ ကင်မရာမှာ “စက်သင်ယူမှုစွမ်းရည်” ကိုအသုံးပြုထားပြီး၊ ကိုယ်ရိုက်လိုက်တဲ့ဓာတ်ပုံတွေထဲကမှ အကောင်းဆုံးဆိုတဲ့ဓာတ်ပုံကို အလိုအလျောက်ရွေးချယ်ပေးမှာဖြစ်ပါတယ်။

Pix ဟာ ရှက်တာခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မနှိပ်လိုက်ခင်အချိန်အတွင်းမှာ ဓာတ်ပုံ ၁၀ ပုံအထိ ရိုက်ပေးထားပြီး၊ အကောင်းဆုံးပုံသုံးပုံကို ရွေးချယ်ပေးနိုင်သလို၊ ပုံတွေကိုလည်း ပိုမိုကောင်းမွန်အောင် အလိုအလျောက်ပြင်ပေးနိုင်ပါတယ်။

ကျန်တဲ့ပုံတွေကိုမဖျက်ပစ်ခင်မှာ၊ Pix ကနေ အဆိုပါပုံတွေရဲ့ဒေတာကို အသုံးပြုုပြီး အကောင်းဆုံးပုံတွေကို noise ဖျောက်တာ၊ မျက်နှာတွေကို ထင်းထင်းလင်းလင်းရှိအောင်လုပ်ပေးတာ၊ အသားအရေစိုပြေအောင်လုပ်ပေးတာနဲ့ ဓာတ်ပုံကာလာအရောင်ကို အနုအဖျော့ အလိုအလျောက်ချိန်ညှိပေးတာတွေလည်း လုပ်နိုင်ပါတယ်။

Priv မှာ Apple ရဲ့ နာမည်ကျော် Live Photos လို စွမ်းဆောင်ရည်တစ်ခုလည်းပါရှိပြီး၊ ဆက်တိုက်ရိုက်ကူးထားတဲ့ဓာတ်ပုံဖရိန်တွေကို ဗီဒီယိုတစ်ခုအဖြစ်ပေါင်းစည်းကာ၊ သက်ဝင်လှုပ်ရှားပုံရိပ် (Live Photos) တွေပါ ဖန်တီးနိုင်ပါတယ်။

Microsoft Pix ဟာ အသုံးပြုရလွယ်ကူသလို၊ mode တွေ settings တွေ ချိန်ပေးဖို့မလိုတဲ့အတွက်၊ အပျော်တမ်းဓာတ်ပုံဝါသနာရှင် တွေအတွက် တော်တော်အသုံးတည့်မယ့် ကင်မရာအက်ပလီကေးရှင်းဖြစ်ပါတယ်။

Microsoft ကတော့ Pix ဟာ “ သင့်ဖုန်းမှာ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတစ်ယောက်” ရှိနေသလို ခံစားနိုင်မယ့် ကင်မရာအက်ပလီကေးရှင်းတစ်ခုဖြစ်တယ်လို့ ဂုဏ်ယူစွာဆိုထားပါတယ်။

Microsoft ရဲ့ Pix ကို App Store ကနေ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်ပါတယ်။

microsoftpixcomparison-100674115-large

Ref: Pocket Lint

%d bloggers like this: