လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၈နှစ်ရဲ့ ဒီနေ့မှာ Fingerprint (လက်ဗွေရာ) စနစ်ကိုစတင်အသုံးပြုခဲ့ပါတယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၈နှစ်တာကာလဖြစ်တဲ့ ၁၈၅၈ခုနှစ်ရဲ့ ဒီနေ့မှာ ဗြိတိသျှလူမျိုး Sir William James Herschel ဟာ လူတွေရဲ့ အမှတ်လက္ခဏာတွေကို ခွဲခြားသိမြင်နိုင်တဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ Fingerprint လို့ခေါ်တဲ့ လက်ဗွေရာစနစ်ကို စတင်အသုံးပြုခဲ့ပါတယ်။

ဒီစနစ်ဟာ ကမ္ဘာကြီးရဲ့ တိုးတက်မှုတွေထဲမှာ အသိအမှတ်ပြုလို့ရတဲ့ တိုးတက်မှုလို့ဆိုနိုင်တာလည်း ဖြစ်ပါတယ်။ Fingerprint ဟာ လူတစ်ဦးနဲ့ တစ်ဦးမှာ မတူညီပဲ ကွဲပြားစွာတည်ရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းကရင်း သိရှိနေခဲ့ကြပြီး ဖြစ်ပါတယ်။

Chinese Clay Seal

ရှေးဟောင်းလူသားတွေဟာ သူတို့ရဲ့ လက်ဗွေပုံစံတွေကို ရွှံ့စေးမြေထဲ ခတ်နှိပ်ပြီး သူတို့ရဲ့လုပ်ငန်းခွင်တွေရဲ့ အမှတ်သင်္ကေတ အနေနဲ့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ တရုတ်လူမျိုးတွေဟာ စက္ကူပေါ်မှာ လက်ဗွေတွေကို ခတ်နှိပ်ပြီး လုပ်ငန်းနဲ့ ကလေးတွေကိုခွဲခြားသတ်မှတ်ဖို့အတွက် အသုံးပြုခဲ့ကြတာပါ။

Traditional fingerprinting required careful analysis to match prints.

ဒါပေမယ့် Fingerprint စနစ်ကို အဲ့ဒီအချိန်က ရာဇဝတ်မှုတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ အတွက်ကတော့ ၁၉ရာစုနှစ် မတိုင်မီအထိတော့ ပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ ၁၈၅၈ခုနှစ်၊ ဇူလိုင်လ ၂၈ရက်နေ့မှာတော့ အင်္ဂလိပ်လူမျိုး ဆာဝီလျံဟာရှယ်ဟာ အိန္ဒိယနိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ်မှာ ဒီစနစ်ကို လုပ်ငန်းပိုင်းဆိုင်ရာ စာရွက်စာတန်းတွေကို လက်မှတ်ထိုးဖို့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ Fingerprint နည်းပညာဟာ ရာဇဝတ်မှုတွေ၊ ဆေးပညာတွေမှာသမက တခြားနယ်ပယ်ပေါင်းစုံအပြင် ကျွန်တော်တို့ရဲ့ ဖုန်းတွေအတွက် မပါမဖြစ်တဲ့ လုံခြုရေး စနစ်တစ်ခုအဖြစ်တည်ရှိနေပြီ ဖြစ်ပါတယ်။

This slideshow requires JavaScript.

 

Ref: Science, Day In Tech

%d bloggers like this: