အနောက်ကင်မရာ ၃ လုံးပါတဲ့ Sony Xperia L4 ကို ကြေညာပြီ

Sony က Xperia L4 ကို ကြေညာလိုက်ပြီး အရင်မျိုးဆက်ထက် အများကြီးလန်းလာပါတယ်။ စွမ်းရည်မြင့် Sony Xperia 1 မှာလို အနောက်ကင်မရာ ၃ လုံး၊ 21:9 မျက်နှာပြင်နဲ့ ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ သူ့မှာ ၆.၂ လက်မ 21:9 HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး Xperia L3 ရဲ့ 18:9 ထက် ပိုရှည်ပါတယ်။ မျက်နှာပြင် ရှည်တဲ့အတွက် Portrait Mode မှာ App ၂ ခုကို အထက်၊ အောက် ယှဉ်ပြီး သုံးလို့ ကောင်းပါတယ်။

အနောက်ဘက်မှာ 13MP Wide-angle (Phase Detection Autofocus) , 5MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ပါလာပြီး အရှေ့ကင်မရာ 8MP ကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ အရင်မျိုးဆက်ထက် မတိုးတက်လာတာက Processor ဖြစ်ပြီး သူ့မှာ တူညီတဲ့ MediaTek Helio P22 မောင်းနှင်ထားပါတယ်။ သူ့မှာ 3.5mm Audio Jack ကိုတော့ ဆက်ထိန်းထားပြီး 64GB Storage ပါလာပါတယ်။

Xperia L4 မှာ 3580mAh ဘက်ထရီ ပါလာပြီး L3 ရဲ့ 3300mAh ထက် ပိုကောင်းလာပါတယ်။ လျှင်မြန်တဲ့ အားသွင်းနည်းပညာ ပါလာပြီး ဈေးကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: