LG က တန်ဖိုးနည်း W10 Alpha ကို ကြေညာ

LG က စွမ်းရည်နိမ့် တန်ဖိုးနည်း W10 Alpha ကို ကြေညာလိုက်ပြီး တရုတ် ကုမ္ပဏီတွေရဲ့ တန်ဖိုးနည်း ဖုန်းတွေကို ယှဉ်ပြိုင်မှာပါ။ ၁၄၀ ဒေါ်လာလောက်ပဲရှိပြီး မြန်မာငွေ ၂ သိန်းလောက်ပဲရှိပါတယ်။ ဒါပေမယ့် Android 9.0 Pie ပဲပါတာက သိပ်မမိုက်ပါဘူး။

Unisoc SC9863A Chipset မောင်းနှင်ထားပြီး Core ၈ လုံး ပါပါတယ်။ 3GB RAM , 32GB Storage ပါလာပြီး 128GB microSD Card စိုက်နိုင်ပါတယ်။ ၅.၇၁ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 8MP ကင်မရာ ပါပါတယ်။ အနောက်ကင်မရာကလည်း 8MP ဖြစ်ပြီး Full HD ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

လက်ဗွေရာ အာရုံခံ ကိရိယာ မပါဘဲ Face Unlock ပဲ သုံးရမှာပါ။ Face Unlock က ၀.၃ စက္ကန့်အတွင်း အလုပ်လုပ်ပါတယ်။ 3450mAh ဘက်ထရီ တပ်ဆင်ထားပြီး ၁၂ နာရီကြာ ဖုန်း ပြောတာ၊ ၂၉ နာရီ သီချင်းနားထောင်တာနဲ့ ၅ နာရီကြာ ဗီဒီယို ကြည့်တာတွေ ပြုလုပ်နိုင်ပါတယ်။ အနက်ရောင် ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: