Honor 9X Pro ကို တစ်ကမ္ဘာလုံးအတွက် ၂၄ ရက်မှာ မိတ်ဆက်မည်

Honor 9X Pro ကို တစ်ကမ္ဘာလုံးအတွက် ၂၄ ရက်မှာ မိတ်ဆက်တော့မယ်လို့ Honor ဥက္ကဌ George Zhao က Facebook မှာ ကြေညာလိုက်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုတ်မှာ ကြေညာခဲ့ပြီး Global Version မှာ Huawei Mobile Services (HMS) ထည့်သွင်းထားမှာပါ။ တရုတ် မော်ဒယ်မှာ Android 9 Pie အခြေပြု EMUI 9.1 ထည့်ထားပြီး Global Version မှာ Android 10 အခြေပြု EMUI 10 ပါလာနိုင်ပါတယ်။ ကျန်တဲ့ Specs တွေက တရုတ် မော်ဒယ်နဲ့ တူနိုင်ပါတယ်။

Honor 9X Pro မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ 16MP Pop-up Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ 48MP Main Camera, 8MP Ultra-wide Camera နဲ့ 2MP Depth Camera များပါပါတယ်။ Octa-core Kirin 810 Chipset မောင်းနှင်ထားပြီး GPU Turbo 3.0 က ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။

8GB RAM နဲ့ 128GB or 256GB Storage များ ပါပါတယ်။ 512GB microSD Card စိုက်နိုင်ပါတယ်။ 4000mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်း စနစ် မပါပါဘူး။ ဖုန်းရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Ref : gsmarena

%d bloggers like this: