Samsung Galaxy M31 ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်ပေါ်လာ

Samsung Galaxy M31 ကို အိန္ဒိယမှာ လာမယ့် ၂၅ ရက်နေ့မှာ ကြေညာတော့မှာပါ။ အခုတော့ သူ့ရဲ့ ဓါတ်ပုံတွေထွက်လာပြီး အရောင် ၃ မျိုးတွေ့ရပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံလည်း ထွက်ပေါ်လာပြီး ၆.၄ လက်မ 1080×2340 Infinity-U Super AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 32MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ 15W Charging ပါတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာမှာပါ။ Dual SIM စွမ်းရည်နဲ့ microSD Card Slot ထည့်ထားမှာပါ။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 64MP Main , 8MP Untrawide , 5MP Depth နဲ့ 5MP Macro တွေ ဖြစ်ပါတယ်။ Samsung ကိုယ်ပိုင် Exynos 9611 Chipset မောင်းနှင်ထားပြီး 6/128GB ပါလာပါတယ်။ အရွယ်အစား အပြည့်အစုံဟာ 159.2 x 75.1 x 8.9 mm နဲ့ ၁၉၁ ဂရမ် အလေးချိန်ရှိပါတယ်။ Android 10 အခြေပြု One UI 2.0 ပါလာမှာပါ။

ရူပီး ၁၅,၀၀၀ လောက်ရှိနိုင်ပြီး မြန်မာငွေ ၃ သိန်းလောက်ပဲရှိပါတယ်။ အနက်၊ အပြာနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: