ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကုန်တင်ကားကို မာစီဒီးထုတ်ဖော်ပြသ

ဥရောပကားကုမ္ပဏီတွေဟာ မော်တော်ယာဉ်ကြီးတွေရဲ့ကဏ္ဍမှာ သန့်စင်စွမ်းအင်စနစ် အသုံးပြုဖို့အတွက် ရင်းနှီးမြုတ်နှံမှုတွေ အားစိုက်ပြီး လာခဲ့ပါတယ်။ အော်ဒီကားကုမ္ပဏီဟာ လာမယ့် တနင်္လာနေ့မှာ လျှပ်စစ်ကားအမျိုးအစားသုံးမျိုးကို ထုတ်ဖော်ပြသဖို့ ရှိပြီး Porsche ကလည်း လျှပ်စစ်ပြိုင်ကားအမျိုးအစားဖြစ်တဲ့ Model E အတွက် အလုပ်အကိုင်နေရာ ၄၀၀ကို ထပ်မံဖြည့်တင်းခဲ့လို့ လျှပ်စစ်မော်တော်ကားတွေရဲ့ ကဏ္ဍဟာ တဖြည်းဖြည်း အရေးပါအရာရောက်လာတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

mercedez-benz-Daimler3

 

ဒီအချိန်မှာ ဥရောပကားကုမ္ပဏီကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မာစီဒီး-ဘင့်ဇ် (Mercedes-Benz) ရဲ့ လက်အောက်ကုမ္ပဏီခွဲဖြစ်တဲ့ Urban ကလည်း သူတို့ရဲ့ ပထမဆုံးရုပ်ကြွင်းလောင်စာအသုံးမပြုတဲ့ လျှပ်စစ်ကုန်တင်ထရပ်ကား အမျိုးအစားသစ် Daimler ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

mercedez-benz-Daimler2

ဒီလျှပ်စစ်ကားဟာ whisper-quite နဲ့ နှိုင်းယှဉ်လို့ရပြီး သာမန်ဒီဇယ်ဆီသုံးကားတွေနဲ့ ကောင်းကောင်းယှဉ်နိုင်တာပါ။ ကားရဲ့အလေးချိန်ဟာ ၂၉တန်ရှိပြီး ကမ္ဘာ့ပထမဆုံး လမ်းမပေါ်မှာ အသုံးပြုနိုင်မယ့် လျှပ်စစ်ထရပ်ကားဖြစ်ပါတယ်။

လျှပ်စစ်ကားဟာ လက်ရှိမှာ အားထပ်မဖြည့်ပဲ အများဆုံး ၁၂၄မိုင်အထိ သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကားကို ထုတ်လုပ်လိုက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများစွာ ရရှိနိုင်ပြီး လတ်တလောအကျိုးအနေနဲ့ ကတော့ လျှပ်စစ်ကားဟာ သာမန်ကားတွေမှာ ရှိတဲ့ ဆူညံသံတွေကို လုံးဝရှိစေမှာ မဟုတ်တော့ဘူးလို့ Urban က ဆိုခဲ့ပါတယ်။ Urban ရဲ့ ကား Daimler နည်းပညာပိုင်းဆိုင်ရာတွေ ကိုင်တွယ်ဖို့ လိုအပ်နေသေးတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

 

Ref: Engadget, Tech Crunch

%d bloggers like this: