iPhone 9 / iPhone SE 2 ကို မတ်လလယ်မှာ ကြေညာနိုင်

၂၀၁၆ ထုတ် iPhone SE ရဲ့ မျိုးဆက်သစ်ကို Apple Fans တွေ စောင့်မျှော်နေတာ ကြာပါပြီ။ အခုတော့ သူ့ကို မတ်လလယ်မှာ ကြေညာမယ်လို့ ဂျာမနီ ဝက်ဘ်ဆိုက် iphone-ticker.de က ပြောပါတယ်။ iPhone 9 လို့ နာမည်ပေးထားမလား ၊ iPhone SE 2 နာမည်နဲ့ ပွဲထွက်လာမလား ဆိုတာ မသိရသေးပါဘူး။

Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က သူ့ကို ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တယ်လို့ ပြောထားပါတယ်။ တန်ဖိုးချိုတဲ့ iPhone ဖြစ်ပြီး မြန်မာငွေ ၆ သိန်းလောက်ပဲရှိပါတယ်။ သူ့မှာ A13 Chipset , 3GB RAM တွေ ထည့်သွင်းထားနိုင်ပြီး 64GB/128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပြီး မူလ iPhone SE ထက် ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်လာမှာပါ။ Kuo က Sliver, Red နဲ့ Space Gray အရောင်တွေ ထုတ်ထားမယ်လို့ ပြောထားပါတယ်။

Apple က Home Button ပါတဲ့ iPhone ကို နောက်ဆုံး ထုတ်လုပ်ခဲ့တာ ၂၀၁၇ စက်တင်ဘာလက ဖြစ်ပြီး အဲဒီဖုန်းက iPhone 8 ပါ။ နောက်ပိုင်းမှာတော့ Notch ပါတဲ့ Full Screen Design ကို ပြောင်းသုံးခဲ့ပါတယ်။ အခုတော့ ၂၀၂၀ မှာ Home Button ကို ပြန်သုံးတော့မယ်လို့ ထင်ပါတယ်။ အဲဒီ ဖုန်းကတော့ iPhone 9 ဖြစ်ပြီး Face ID မပါလာနိုင်ပါဘူး။

တန်ဖိုးနည်း iPhone 9 မှာ ၄.၇ လက်မ မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေသလို တခြား သတင်းတွေကလည်း ၅.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ ပြောနေကြပါတယ်။ Apple ဟာ iPhone 9 မှာ Samsung အစား LG ရဲ့ LCD Screen ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref : tnw

%d bloggers like this: