Samsung Galaxy A70e ရဲ့ ပထမဆုံး ဓါတ်ပုံတွေ ထွက်ပေါ်လာ

Samsung က စွမ်းရည်သင့် Galaxy A71 , A51 နဲ့ A01 တို့ကို ကြေညာပြီးပါပြီ။ နောက်ထပ် လာမှာက M31 ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက နောက်ထပ် ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး အဲဒါကတော့ Galaxy A70e ဖြစ်ပါတယ်။ သူဟာ A70 ထက် ကင်မရာနဲ့ လက်ဗွေ စနစ် ပိုကောင်းလာမှာပါ။


A70e ရဲ့ 3D Image တွေ ထွက်ပေါ်လာပြီး အနောက်ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာနဲ့အတူ Macro , Portrait ကင်မရာတွေ ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာကို တွေ့ရပြီး A70 မှာတော့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို သုံးထားတာပါ။

A70e ရဲ့ အောက်ခြေမှာ micro USB Port ၊ စပီကာ အပေါက်တွေနဲ့ ထိပ်ဖက်မှာ နားကြပ်ပေါက်ကိုတွေ့ရပါတယ်။ Infinity-U or Infinity-V မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်အောက်ခြေက ဘောင်ဟာ အနည်းငယ် ထူပါတယ်။

Ref : gsmarena

%d bloggers like this: