PlayStation 5 ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ် မြင့်မားနေတဲ့အတွက် Sony အခက်တွေ့နေ

Sony နဲ့ Microsoft တို့က နောက်မျိုးဆက် ဂိမ်းစက် အသစ်တွေကို ဒီနှစ်ထဲမှာ ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ PS5 ရဲ့ အစိတ်အပိုင်းတွေဟာ ဈေးတက်နေတဲ့အတွက် ရောင်းဈေးဟာ အရင်မျိုးဆက်ထက် ဒေါ်လာ ၁၀၀ လောက်ပိုများသွားမယ်လို့ သတင်းထွက်လာပါတယ်။ Sony က အရင်မျိုးဆက်ရဲ့ ဈေးနဲ့ရောင်းချင်ရင် အရှုံးခံပြီး ရောင်းရမယ့် သဘော ဖြစ်နေပါတယ်။

Gamer တွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ Sony PlayStation 5 ရဲ့ ဗီဒီယို ၁ ခု မကြာခင်က ထွက်ပေါ်လာခဲ့ပါတယ်။ SlashLeaks က ဒီ ဗီဒီယိုကို မျှဝေထားတာဖြစ်ပြီး ဗီဒီယိုကနေ ဖမ်းယူထားတဲ့ Screenshot ဓါတ်ပုံက မှုန်ဝါးနေတဲ့အတွက် သေချာရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ဒါပေမယ့် အရင်မျိုးဆက်တွေလို လေးထောင့် ဒီဇိုင်း ဖြစ်ပါတယ်။ Sony က နောက်လ ၂၉ ရက်နေ့မှာ ပွဲ ၁ ခုကျင်းပဖို့ ရှိနေပြီး PS5 ကို ချပြနိုင်ပါတယ်။

PlayStation 5 နဲ့ PSVR 2 တို့ရဲ့ သတင်းအချက်အလက်များ အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ PS5 ကို ၂၀၂၀ ခုနှစ်မှာ ရောင်းချမှာပါ။ ၂၀၂၀ ခုနှစ် မတ်လမှာ ကြေညာပြီး နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ PS4 ရောင်းချတဲ့ အချိန်နဲ့ ၇ နှစ်ကွာခြားပါတယ်။

PS5 မှာ Virtual Reality ထောက်ပံံ့မှုဟာ အဓိက လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ PSVR 2 Headset မှာ ကင်မရာ ပါလာမှာ ဖြစ်ပြီး Breaker Box မလိုအပ်တော့ပါဘူး။ Headset အတွက် VR လက်အိတ်ကိုလည်း ဆိုနီက ဖန်တီးနေတယ်လို့ ဆိုပါတယ်။ PlayStation Move Controller အသစ်ကိုလည်း ဖန်တီးနေပါတယ်။

Ref : tnw

%d bloggers like this: