MWC မှာ မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ ဖုန်းတွေကို ဘယ်အချိန်မှာ ကြေညာမလဲ?

ဖုန်း ကုမ္ပဏီများစွာက ကမ္ဘာ့ အထင်ကရ နည်းပညာပြပွဲဖြစ်တဲ့ MWC 2020 မှာ ထုတ်ကုန် အသစ်တွေကို အပြိုင်အဆိုင် မိတ်ဆက်ဖို့ အားခဲထားကြပေမယ့် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီတွေက ဖုန်း မိတ်ဆက်မယ့်အချိန်တွေကို ပြောင်းလဲခဲ့ရပါတယ်။

Sony က စွမ်းရည်မြင့်နဲ့ စွမ်းရည်သင့် ဖုန်းများစွာကို လာမယ့် ၂၄ ရက်နေ့မှာ အွန်လိုင်းကနေ ကြေညာတော့မှာပါ။ အဲဒီဖုန်းတွေထဲမှာ Xperia 1.1 နဲ့ Xperia 5 Plus တို့ ပါပြီး Sony ရဲ့ ပထမဆုံး 5G ဖုန်းတွေပါ။ စွမ်းရည်သင့် ဖုန်းထဲမှာ Xperia 9 ပါမှာဖြစ်ပြီး တန်ဖိုးသင့် 5G ဖုန်းဖြစ်ပါတယ်။ OPPO Find X2 ကိုတော့ မတ်လကျမှ မိတ်ဆက်မှာပါ။ Realme X50 Pro 5G ကို အွန်လိုင်းကနေ ၂၄ ရက်နေ့မှာ ကြေညာမှာပါ။

LG က G9 နဲ့ V60 ThinQ ကို သီးခြား ပွဲ ၁ ခုစီနဲ့ ကြေညာမှာ ဖြစ်ပေမယ့် အချိန်ကို မသိရသေးပါဘူး။ Xiaomi Mi 10 Series တွေကို တရုတ်မှာ ကြေညာပြီး ရောင်းပေးလိုက်ပါပြီ။ Xiaomi က တစ်ကမ္ဘာလုံးအတွက် မိတ်ဆက်ပွဲ ပြုလုပ်မယ့် နေ့ကို မကြာခင် ကြေညာမှာပါ။

Vivo Apex 2020 , ZTE Axon 10s Pro , Huawei Mate Xs တို့ကို ကြေညာမယ့်အချိန်ကို ကုမ္ပဏီတွေက မကြေညာသေးပါဘူး။ ဒါ့အပြင် Nokia , TCL နဲ့ Alcatel တို့ကလည်း ဖုန်းအသစ်တွေ ကြေညာဖို့ ရှိနေပါတယ်။

Ref : gsmarena

%d bloggers like this: