3D Printing နည်းပညာနဲ့ တန်ဖိုးနည်း နေအိမ်များ တည်ဆောက်နိုင်မည်

3D Printing နည်းပညာဟာ အဆင့်မြင့်လာပြီး ဒီနေ့ခေတ်မှာ ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပေးနိုင်ပါပြီ။ အဲဒီအထဲမှာ နေအိမ်များလည်း ပါဝင်ပါတယ်။ ဒီနည်းပညာဖြင့် တည်ဆောက်ထားတဲ့ နေအိမ်များကိုလည်း တွေ့မြင်ခဲ့ကြရပြီးပါပြီ။ ဒီနည်းပညာနဲ့ ဆိုရင်တစ်ရက်ထဲနဲ့တောင် နေအိမ် တစ်လုံးကို တည်ဆောက်နိုင်ပါတယ်။

အခုလည်း Estonia’s University of Tartu နဲ့ Estonian University of Life Sciences တို့က တန်ဖိုးနည်း ဒြပ်ထုများဖြင့် ဖန်တီးထားတဲ့ ကွန်ကရစ်ကို ဖန်တီးနေပါတယ်။ ဒီ ကွန်ကရစ်များနဲ့ 3D Printing နည်းပညာကို ပေါင်းစပ်၍ လူနေအိမ်များ တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် နေအိမ်များ တည်ဆောက်တဲ့ ကုန်ကျစားရိတ်များစွာ သက်သာစေပြီး သာမာန် နေအိမ်များထက် ၁၀ ဆတောင် ကုန်ကျစားရိတ် သက်သာပါတယ်။

ပညာရှင်များ ဖန်တီးထားတဲ့ ကွန်ကရစ်များဟာ နေအိမ် တည်ဆောက်နိုင်လောက်အောင် မာကျောကြံ့ခိုင်ပါတယ်။ 3D Printing နည်းပညာဖြင့် ပုံသွန်းလောင်း အပြီး တစ်ရက်အကြာမှာ မာကျောသွားပါတယ်။

ပညာရှင်များက ၄၉၀ စတုရန်း ပေ အကျယ်အဝန်းရှိတဲ့ နေအိမ်ကို ဒီနည်းပညာ၊ ဒီကွန်ကရစ်များဖြင့် တည်ဆောက်မယ်ဆိုရင် ဒေါ်လာ ၅၈၅၀ လောက်သာ ကုန်ကျမယ်လို့ ပြောပါတယ်။ ပညာရှင်များက အဲဒီလို အရွယ်အစား ကြီးမားတဲ့ လူနေအိမ်ကို တည်ဆောက်ဖို့အတွက် ရန်ပုံငွေ မလုံလောက်သေးဘူးလို့ ပြောပါတယ်။ သူတို့က သက်သေပြတဲ့ အနေနဲ့ နေအိမ် နံရံများကိုသာ တည်ဆောက်ပြနိုင်ပါသေးတယ်။ ဒီဆောင်းတွင်းမှာတော့ နေအိမ် တစ်ခုလုံးကို တည်ဆောက်နိုင်မယ်လို့ သူတို့က ပြောပါတယ်။

Ref : digitaltrends

%d bloggers like this: