မျက်နှာပြင်အောက်မှာ ကင်မရာမြှပ်နှံထားတဲ့ ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့ Huawei

တောင်ကိုရီးယား မီဒီယာတစ်ခုရဲ့ သတင်းအရ ဟွာဝေးဟာ Notch မပါတဲ့ ဒီဇိုင်း ထူးခြား ဆန်းသစ်တဲ့ Full Screen Smartphone တစ်လုံးကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဖုန်း ကုမ္ပဏီများဟာ မျက်နှာပြင် အပြည့် ဖုန်းများကို ဖန်တီးဖို့အတွက် Notch ဒီဇိုင်းကို ဖန်တီးလာကြပါတယ်။ Notch မှာ ကင်မရာနဲ့ ဆန်ဆာများကို ထည့်သွင်းထားကြပါတယ်။ Vivo နဲ့ Oppo တို့က Notch မပါဘဲ Pop-Up Camera များ ပါတဲ့ ဒီဇိုင်းလန်းတဲ့ ဖုန်းများကိုတောင် ဖန်တီးထားကြပါတယ်။ အခုလည်း ဟွာဝေးက Notch ကို မသုံးထားဘဲ ဒီဇိုင်းဆန်းတဲ့ ဖုန်း တစ်လုံးကို ဖန်တီးနေပုံပေါ်ပါတယ်။

သူ့ရဲ့ ဖုန်းဒီဇိုင်းရဲ့ ပုံကြမ်းများလည်း ထွက်ပေါ်လာပါတယ်။ အရှေ့ကင်မရာကို မျက်နှာပြင်ရဲ့ အထက်နားမှာ မြှပ်နှံထားတာကို တွေ့ရပါတယ်။ အဲဒီအတွက် Notch ကို ထည့်သွင်းးထားဖို့လည်း မလိုအပ်တော့ပါဘူး။ စကရင်ရဲ့ အထက်မှ ပါးလွှာတဲ့ ဘောင်လေးမှာ Earpiece , Ambient Sensor , Proximity Sensor များကို တပ်ဆင်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် Notch ပါတဲ့ ဖုန်းများမှာလိုပဲ ကင်မရာဟာ Apps များရဲ့ User Interface ကို ဖုံးကွယ်ထားနိုင်ပါတယ်။ Pop-Up Camera များ ထည့်သွင်းထားတဲ့ Oppo Find X နဲ့ Vivo Nex S များမှာတော့ ဒီပြဿနာများ မရှိပါဘူး။ သတင်းအရ ဟွာဝေးရဲ့ စမတ်ဖုန်းမှာ ၆.၃၉ လက်မ LCD Screen ထည့်သွင်းထားပြီး ယခုနှစ် ကွာတား ၄ မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: