AnTuTu မှာ အမှတ်အများဆုံးရသွားတဲ့ iQOO 3 5G

Vivo iQOO က စွမ်းရည်မြင့် iQOO 3 5G ကို ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ AnTuTu မှာ သူ့ကို တွေ့ရပြီး အမှတ်အများဆုံး ရသွားပါတယ်။ အဲဒီအတွက် သူ့ရဲ့ Specs ပေါင်းစည်းမှုက အရမ်းကို လန်းမှာပါ။

အနောက်ဘက် ကင်မရာ ၄ လုံးကို ပြသထားတဲ့ ဓါတ်ပုံကိုလည်း ကုမ္ပဏီက မကြာခင်က မျှဝေခဲ့ပါတယ်။ သူ့မှာ Snapdragon 865 Chipset နဲ့ 12GB RAM ပါလာမှာပါ။ UFS 3.1 Storage ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ အနက်ရောင် ထုတ်လုပ်ထားနိုင်ပြီး မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုသိလာရမှာပါ။

ပေါက်ကြားထွက်ပေါ်နေတဲ့ သူ့ရဲ့ Specs တွေကို အောက်မှာ လေ့လာပါ။

• 6.44-inch (2400 × 1080 pixels) Full HD+ 20:9 Super AMOLED 2.5D curved glass display
• 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB/6GB/12GB LPDDR5 RAM, 128GB / 256GB (UFS 3.1) storage
• Android 10 with Funtouch OS 10
• Dual SIM (nano + nano)
• 64MP primary camera with Sony IMX686 sensor, LED flash, 13MP ultra wide sensor, 13MP Periscope lens for 5X Optical zoom, 10X digital zoom, 2MP depth sensor
• 16MP front-facing camera
• In-display fingerprint sensor
• Dimensions: 158.51×74.88×9.16mm; Weight:214.5g
• 5G SA/NSA, Dual 4G VoLTE, WiFi 802.11 ac dual-band, Bluetooth 5.0, GPS/GLONASS, USB Type-C
• 4500 (Typical) / 4370mAh (minimum) battery with 55W Super FlashCharge

Ref : fonearena , gsmarena

%d bloggers like this: