0 Shares 24 Views

Lenovo က Xiaomi Redmi 3 နဲ့ဆင်တူတဲ့ Lemon 3 စမတ်ဖုန်းကို ထုတ်လုပ်

Jan 17, 2016
0 24

lenovo_lemon_3

 

Lenovo ကုမ္မဏီဟာ Xiaomi Redmi 3 နဲ့ ဈေးနှုန်းတူတဲ့ Lemon 3 ဆိုတဲ့ စမတ်ဖုန်း တစ်မျိုးကို ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ငွေရောင် ၊ ရွှေရောင်စတဲ့ အရောင် ၂ မျိုးကို ရွေးချယ်ခွင့်ရမယ့် Lemon 3 ဟာ SIM ကတ် ၂ ကတ်ထည့်သွင်းနိုင်တဲ့ Dual-SIM အမျိုးအစား 4G ကွန်ရက်ကို ထောက်ပံ့နိုင်တဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Android 5.1 Lollipop စနစ်ကိုထည့်သွင်းထားပြီး ၅ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ဟာ 1080×1920 Pixels ကြည်လင်ပြတ်သားတဲ့ Full HD ရုပ်ထွက် IPS မျက်နှာပြင်ပေါ်မှာ ပြသပေးမှာပါ။ Octa-Core Qualcomm Snapdragon 616 ချစ်ပ် ကို 1.5GHz မှာ လုပ်ဆောင်စေပြီး RAM 2GB နဲ့ Adreno 405 GPU တို့ကိုလည်း ထည့်သွင်း အသုံးပြုထားပါတယ်။

ဖုန်းတွင်းဒေတာ သိုလှောင်နိုင်တဲ့ ပမာဏကတော့ 16GB သာ သတ်မှတ်ပေးထားပေမယ့် microSD ကတ် ထည့်သွင်းမယ်ဆိုရင်တော့ ပမာဏ ကိုတိုးချဲ့နိုင်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့ကတော့ 13 Megapixel ရှိတဲ့ အနောက်ကင်မရာ ကို LED flash နဲ့အတူ အသုံးပြုခွင့်ပေးထားပြီး အရှေ့ကင်မရာကတော့ 5 Megapixel ရှိပါတယ်။

အရွယ်အစားကို တိုင်းတာမယ်ဆိုရင်တော့ ၁၄၂x၇၁x၇.၉၉ မီလီမီတာ ရှိပြီး အလေးချိန်ကတော့ ၁၄၂ ဂရမ် လေးလံပါတယ်။ ဘက်ထရီ စွမ်းရည်ကတော့ 2750mAh ရှိပြီး ဗီဒီယိုပဲ ကြည့်ရှုမယ်ဆိုရင်တော့ ၆.၂ နာရီအထိ အသုံးခံနိုင်ပါတယ်။ အသံထွက်စနစ်ကတော့ Maxx Audio စနစ်ကို အသုံးပြုထားပါတယ်။ Lenovo ရဲ့ Lemon 3 ဟာ Xiaomi ရဲ့ Redmi 3 နဲ့ ပါဝင်ပစ္စည်းတော်တော်များများ ဆင်တူနေပြီး Redmi 3 က Lemon 3 ထက် ပိုမိုကောင်းမွန်တဲ့ 4100mAh ဘက်ထရီကို သုံးထားပြီး Lemon 3 ရဲ့ မျက်နှာပြင် ကြည်လင်ပြတ်သားမှုကတော့ Redmi 3 ထက် အနည်းငယ်ပိုမိုကောင်းမွန်နေတယ်လို့ သိရပါတယ်။

Ref : Gadgets 360

 

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category