Samsung Galaxy A71 5G ကို အမေရိကန်နဲ့ တရုတ် ပြင်ပမှာ ရောင်းနိုင်

Samsung က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ Galaxy A71 ကို ကြေညာခဲ့ပြီး တရုတ်နဲ့ အမေရိကန်မှာ ရောင်းဖို့ 5G မော်ဒယ်ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Samsung Galaxy A71 5G ကို တခြား နိုင်ငံတွေမှာလည်း ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။

Galaxy A71 ရဲ့ 5G မော်ဒယ်ရဲ့ မော်ဒယ်နံပါတ်က SM-A716B ဖြစ်ပြီး ဩစတြေးလျ၊ နယူးဇီလန်နဲ့ တခြား ဥရောပနိုင်ငံတွေမှာလည်း ရောင်းနိုင်ပါတယ်။ A71 အပြင် Samsung က A51 ရဲ့ 5G မော်ဒယ်ကိုပါ ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းဟာ ပြီးခဲ့တဲ့ လက Geekbench ကို ရောက်လာပြီး Exynos 980 SoC , 6GB RAM နဲ့ Android 10 ပါလာပါတယ်။

Samsung က Galaxy A51 နဲ့ A71 ရဲ့ 5G မော်ဒယ်တွေ အကြောင်း မပြောသေးပါဘူး။ လာမယ့်လတွေအတွင်းမှာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို ပိုသိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: