Nubia က Red Magic 5G ကို MWC 2020 မှာ မကြေညာတော့

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ကမ္ဘာ့ အထင်ကရ နည်းပညာ ပြပွဲ ဖြစ်တဲ့ MWC 2020 ကို မကျင်းပတော့ပါဘူး။ ကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေ ၊ ပွဲတော်လာသူတွေ ဗိုင်းရက်စ် ကူးစက်မှာ စိုးရိမ်တဲ့အတွက် အဲဒီပွဲမှာ မပါဝင်တော့ဘူးလို့ ကြေညာနေကြပါတယ်။ အခုတော့ Nubia ကလည်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကုမ္ပဏီက GSM Association ရဲ့ MWC 2020 ပွဲ ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီး Red Magic 5G ကြေညာတာကို နောက်ဆုတ်မယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ကြေညာလိုက်ပါတယ်။ အစောပိုင်းက သူ့ကို MWC 2020 မှာ ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။

ဥက္ကဌ Ni Fei က Red Magic 5G မှာ 144Hz Refresh Rate ပါလာမယ်လို့ အတည်ပြုထားတဲ့အတွက် ဖုန်း သုံးရင်၊ ဂိမ်းကစားရင် အရမ်းကို မြန်နေမှာပါ။ 120Hz Refresh Rate ထက် သာသွားတဲ့ ပထမဆုံး Gaming ဖုန်း ဖြစ်လာနိုင်ပါတယ်။ Fei မျှဝေခဲ့တဲ့ ဓါတ်ပုံတွေအရ အနောက်ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားမှာပါ။

Nubia Red Magic 5G မှာ 16GB RAM အထိ ပါလာနိုင်ပြီး Air Cooling ပါတဲ့အတွက် ဂိမ်းတွေ ကစားရင် အပူလွန်ကဲတာကို ကာကွယ်ပေးပါတယ်။ ဥက္ကဌ Ni Fei က ဖုန်းမှာ ပန်ကာပါမယ်ဆိုတာလည်း အတည်ပြုထားပြီးပါပြီ။ သူ့မှာ 64MP Sony IMX686 ပင်မ ကင်မရာနဲ့အတူ အပို ကင်မရာ ၂ လုံးပါလာမယ်လို့ သတင်းထွက်နေပါတယ်။

မကြာခင်ကလည်း Fei က အဲဒီ ဖုန်းရဲ့ မော်ဒယ်အားလုံးမှာ Samsung LPDDR5 RAM ကို ပုံသေ စံနှုန်းနဲ့ ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Samsung ရဲ့ LPDDR5 ဟာ နောက်ဆုံးပေါ် စံနှုန်း ၁ ခု ဖြစ်ပြီး အရင်မျိုးဆက် LPDDR4X ထက် ၅၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ ဒေတာ ပေးပို့မှုက 6,400Mbps အထိ ရှိပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားမှာ သေချာသလောက်ရှိပါတယ်။ 3C မှာ 55W Charger ပါမယ်လို့ ဖော်ပြထားတဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာ သေချာပါတယ်။

Ref : gsmarena

%d bloggers like this: