Facebook Lite မှာ Dark Mode ရပြီ

နာမည်ကြီး App တွေတိုင်းလိုလိုမှာ Dark Mode ပါလာကြပါပြီ။ Facebook က Android အတွက် Dark Mode ကို ဩဂုတ်လနဲ့ ဒတ်စတော့အတွက် အောက်တိုဘာလမှာ စတင် စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုထက်ထိ မထည့်သွင်းပေးသေးပါဘူး။ အခုတော့ Facebook Lite အတွက် Dark Mode ကို ထည့်သွင်းပေးလိုက်ပြီလို့ Android Police က ပြောပါတယ်။

Users များစွာမှာ ဒီလုပ်ဆောင်ချက် ရနေပြီလို့ သိရပါတယ်။ Settings Button အောက်မှာ Dark Mode သုံးနိုင်မယ့် ခလုတ် ပါလာနိုင်ပါတယ်။ Facebook Lite ကို ၂၀၁၅ ခုနှစ် ကတည်းက Android အတွက် ဖြန့်ချိပေးထားပါတယ်။ အစောပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်သာ ဖြန့်ချီပေးခဲ့ပြီး ၂၀၁၉ ထဲမှာ အမေရိကန်၊ ဗြိတိန်နဲ့ အခြား ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် ဖြန့်ချိပေးခဲ့ပါတယ်။ iOS အတွက် ဖြန့်ချီပေးဖို့ စမ်းသပ်နေပါတယ်။

Facebook Lite ဟာ မူလဗားရှင်းထက် Storage နေရာယူသက်သာပြီး ခုချိန်မှာဆို App က 2MB တောင်မရှိဘဲ Install လုပ်လိုက်ရင်တောင် 4MB ပဲနေရာယူသွားမှာပါ။ ဒါပေမယ့် တကယ့်မူရင်းဗားရှင်း Facebook App ကတော့ 64MB လောက်ရှိပြီး နည်းနည်းသုံးပြီးသွားတဲ့အခါ 200MB လောက်နေရာယူနေပြီးပါပြီ။ သူတို့ ၂ခုကြား Storage နေရာယူမှု ဘယ်လောက်တောင်ကွာသွားလဲဆိုတာ မြင်မိကြမှာပါ။

မူရင်း App ကတော့ သေချာဖွဲစည်းထားပါတယ်။ Animation တွေလည်း ကောင်းတယ်။ Feature တွေလည်း ပိုကောင်း ပိုများတယ်ဆိုတာတော့ မှန်ပါတယ်။ မငြင်းပါဘူး။ ဒါပေမယ့် ကောင်းကောင်းသုံးနိုင်ဖို့အတွက် နောက်ကွယ်မှာ Load လုပ်နေရတဲ့ အချက်အလက်တွေအများကြီးပါပဲ။ ဒါတွေက ဒေတာစားသုံးမှု များစေပြီး နေရာလည်း များများလိုအပ်လာပါတယ်။

ဒါပေမယ့် Lite ဗားရှင်းတွေကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ မူရင်း App လောက် တောက်တောက်ပြောင်ပြောင်ရှိတယ်လို့ မထင်ရပေမယ့် အဓိကက Storage နေရာသက်သာတာနဲ့ ဒေတာစားသက်သာတာနဲ့ဆိုမှတော့ ကိစ္စမရှိတော့ပါဘူး။ ကောင်းကောင်းလည်းသုံးလို့ရ၊ သုံးတဲ့သူလည်း လွယ်လွယ်သုံးနိုင်အောင် မခက်ခဲ၊ အလုပ်ဖြစ်နေတဲ့ App တွေပါ။

Newsfeed လည်း ကြည့်လို့ရသလို Friend Request တွေကိုလည်း လက်ခံ၊ ပယ်ဖျက်လို့ရပါတယ်။ Group တွေမှာလည်း ပို့်စ်တွေတင်လို့ရသလို Status တွေမှာလည်း ကွန်မန့်တွေပေးလို့ရပြီး သူငယ်ချင်းတွေနဲ့လည်း မက်ဆေ့ချ်ပို့လို့ရနေတာပါပဲ။ ဒီ App နဲ့ မက်ဆေ့ချ်တွေလည်း ပို့လို့ရနိုင်ပြီး Facebook Messenger လို ဒေတာ 150MB လောက်ပမာဏကြီးကို ဒေါင်းလုပ်ဆွဲစရာလည်း မလိုတော့ပါဘူး။

နောက်တစ်ခုကတော့ မူရင်း App နဲ့မတူတာက ဥပမာ ပုံပြပြီဆိုရင် Resolution နိမ့်နိမ့်နဲ့ပဲ Preview ပြပြီး ပုံကိုထောက်ပြီးဝင်ကြည့်မှသာ ရုပ်ထွက်အမြင့်ကို မြင်ရမှာပါ။

Ref : gsmarena

%d bloggers like this: