စက္ကန့်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ Xiaomi Mi 10 Series

Xiaomi Mi 10 နဲ့ Mi 10 Pro ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး ၁၄ ရက်နေ့က စတင် ရောင်းချပေးခဲ့ပါတယ်။ စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်သွားအောင် ရောင်းအား ကောင်းပါတယ်။ Xiaomi က Flash Sale မှာ ယွမ် သန်း ၂၀၀ ကျော်ဖိုးရောင်းချရတယ်လို့ ပြောတဲ့အတွက် အလုံးရေ ၄၂၀၀၀ နဲ့ ၅၀၀၀၀ လောက် ရောင်းချနိုင်ခဲ့ရတာပါ။

Mi 10 နဲ့ Mi 10 Pro ဟာ တရုတ်မှာ ရောင်းအား အရမ်းလန်းနေပြီး Xiaomi က လုံလုံလောက်လောက် ရောင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တရုတ်မှာ ကိုရိုနာ ဗိုင်းရက်စ်ကြောင့် စက်ရုံ ၊ အလုပ်ရုံတွေ ပိတ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: