Galaxy S20 Ultra ရဲ့ 5000mAh ဘက်ထရီကို ၅၈ မိနစ်နဲ့ အားအပြည့်သွင်းနိုင်

Samsung က လျှင်မြန်တဲ့ အားသွင်းနည်းပညာကို နောက်ပိုင်းမှာ အဓိက ဖန်တီးလာပါတယ်။ Galaxy S10 မှာ 15W ကနေ Galaxy Note 10 နဲ့ Note 10+ တွေမှာ 25W နဲ့ 45W အသီးသီး ထည့်သွင်းပေးခဲ့ပါတယ်။ မကြာခင်က အသစ်စက်စက် ကြေညာထားတဲ့ Galaxy S20 Ultra မှာ အလန်းစား 45W တောင်ပါလာပြီး 45W Charger နဲ့ 5000mAh ဘက်ထရီကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ဖို့ ၅၈ မိနစ်ပဲ လိုပါတယ်။

ဒါဟာ အရမ်းကို အထင်ကြီးစရာကောင်းပြီး Galaxy Note 10+ ရဲ့ 4300mAh ဘက်ထရီကို 25W Charger နဲ့ အားသွင်းရင် ၁ နာရီကျော်ကြာပါတယ်။ Galaxy S20 Ultra ဟာ စွမ်းရည်မြင့်မားသလို ဘက်ထရီစားတာလည်း များမှာပါ။ အဲဒီအတွက် သူ့မှာ အရွယ်ကြီး ဘက်ထရီနဲ့ လျှင်မြန်တဲ့ အားသွင်း နည်းပညာ ထည့်သွင်းပေးထားတာပါ။

Ref : gsmarena

%d bloggers like this: