Realme က X50 Pro မှာ 90Hz Super AMOLED မျက်နှာပြင် ပါမယ်လို့ အတည်ပြု

Realme က စွမ်းရည်မြင့် X50 Pro ကို ကြေညာဖို့ ၁၀ ရက်လောက်ပဲလိုပါတော့တယ်။ ကိုရိုနာ ဗိုင်းရက်စ်ကြောင့် MWC ပွဲကို ဖျက်သိမ်းလိုက်တဲ့အတွက် အွန်လိုင်းကနေပဲ ကြေညာမှာပါ။ အခုတော့ Realme Europe က သူ့မှာ 90Hz Super AMOLED မျက်နှာပြင် ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် ဂိမ်းကစားရင် ၊ ဖုန်း သုံးရင် အရမ်းမြန်မှာပါ။

မကြာခင်ကလည်း ကုမ္ပဏီရဲ့ CMO Xu Qi Chase က သူ့မှာ Snapdragon 865 နဲ့ WiFi 6 ပါမယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။ သူ့မှာ Android 10 အခြေပြု Realme UI တို့ ထည့်သွင်းထားမှာဖြစ်ပြီး 12GB RAM နဲ့ 256GB Storage တွေ ပါမယ်လို့ အရင်က CMO က အတည်ပြုထားပါတယ်။ တခြား Memory Options တွေလည်း ရှိနိုင်ပါတယ်။ NFC နဲ့ Dual SIM Support တွေ ပါလာမှာ ဖြစ်ပေမယ့် Realme ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်း ဖြစ်တဲ့ X2 Pro မှာလို microSD Card Slot ကို ဖယ်ရှားထားနိုင်ပါတယ်။

Screenshot အရ X50 Pro 5G မှာ မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်နားမှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ၁ ခု ပါလာပြီး မျက်နှာပြင် အရည်အသွေးက FullHD+ ဖြစ်ပါတယ်။ X50 Pro 5G နဲ့အတူ Realme ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်တီဗီကိုပါ ကြေညာမှာပါ။

Ref : gsmarena

%d bloggers like this: