48MP Quad ကင်မရာ ပါတဲ့ Huawei nova 7i ကို ကြေညာပြီ

Huawei က nova 7i ကို မလေးရှားမှာ ကြေညာလိုက်ပါတယ်။ သူဟာ ဖုန်း အသစ် မဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်က တရုတ်မှာ ကြေညာခဲ့တဲ့ nova 6 SE ကို နာမည်ပြောင်းရောင်းချတာပါ။ အဲဒီအတွက် nova 7i မှာ Kirin 810 SoC , 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာပါ။ Android 10 အခြေပြု EMUI 10 ပါလာပေမယ့် အမေရိကန်ရဲ့ ပိတ်ပင်ထားမှုကြောင့် Google Services တွေ မပါလာပါဘူး။

Nova 7i မှာ ၆.၄ လက်မ FHD+ LCD မျက်နှာပြင်ပါလာပြီး 16MP ဆဲလ်ဖီး ကင်မရာကို ဘယ်ဘက်ထိပ်နားမှာ Punch Hole ဒီဇိုင်း တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 48MP , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။

Nova 7i မှာ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ 40W Fast Charging ပါတဲ့ 4,200mAh ဘက်ထရီ ပါလာမှာဖြစ်ပြီး ၃၀ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးမှာပါ။ မလေးရှား ရင်းဂစ် ၁,၀၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၈ သောင်းလောက်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: