Snapdragon 865 နဲ့ 12GB RAM ပါတဲ့ OPPO Find X2 Pro ကို Geekbench မှာ တွေ့ရပြီ

OPPO Find X2 Pro ကို Geekbench မှာ တွေ့လာရပြီး Snapdragon 865 နဲ့ 12GB RAM ပါလာပါတယ်။ Android 10 မောင်းနှင်ထားပါတယ်။ သူ့ကို နောက် ၁ ပတ်လောက်မှာ ကျင်းပမယ့် MWC 2020 မှာ မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် MWC 2020 ကို ဖျက်သိမ်းထားပါတယ်။ သူ့ကို ကြေညာမယ့်နေ့ကို ကုမ္ပဏီက ထပ်မပြောသေးပါဘူး။

Geekbench က စာရင်းအရ သူဟာ Single Core Test မှာ ၉၁၃ မှတ်နဲ့ Multi Core Test မှာ ၃၃၀၈ မှတ်ရထားပြီး Geekbench 5 က စမ်းသပ်ထားတဲ့ Android ဖုန်းတွေထဲမှာ အမှတ် အများဆုံး ဖြစ်နေပါတယ်။ Qualcomm or Exynos Chipset ထည့်ထားတဲ့ ဖုန်းတွေထဲမှာ သူဟာ စွမ်းရည်အမြင့်ဆုံး ဖြစ်နေပါတယ်။

OPPO Find X2 Series တွေမှာ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေ ပါလာမယ်လို့ အတည်ပြုထားပါတယ်။ QHD Resolution ဖြစ်ပြီး မျက်နှာပြင်ဟာ 1200nit Brightness အထိ ထောက်ပံ့ပေးပါတယ်။ 48MP Sony ကင်မရာနဲ့ 65W Fast Charging တွေ ပါလာနိုင်ပြီး မတ်လမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: