Snapdragon 865 ပါတဲ့ OnePlus 8 ကို Geekbench မှာ တွေ့ရှိ

Model Number IN2023 ပါတဲ့ OnePlus 8 Pro ကို Geekbench မှာ ပြီးခဲ့တဲ့ ၁ လက တွေ့ခဲ့ရပါတယ်။ အခုတော့ နောက်ထပ် Model Number ကို Geekbench မှာ တွေ့လာရပြီး IN2025 လို့ သိရပါတယ်။ ဒါဟာ OnePlus 8 ဖြစ်နိုင်ပါတယ်။

သူ့မှာ တူညီတဲ့ Snapdragon 865 Chipset မောင်းနှင်ထားပြီး စွမ်းဆောင်ရည် ရမှတ်က တူညီပါတယ်။ ဒါပေမယ့် 8GB RAM ထည့်သွင်းထားပြီး Pro Model မှာက 12GB RAM ဖြစ်ပါတယ်။ OnePlus 8 အတွက် 12GB RAM Model မထုတ်လုပ်ဘူးလို့ မပြောနိုင်ပါဘူး။ Geekbench ကို အဲဒီ 12GB RAM Model မရောက်လာသေးတာပါ။

OnePlus က Pro Model မှာ 120Hz Screen ထည့်သွင်းထားပေမယ့် OnePlus 8 မှာ 90Hz Screen ပဲ ပံ့ပိုးထားမလားဆိုတာ မသေချာသေးပါဘူး။ Model ၂ ခုလုံးမှာ တူညီတဲ့ မျက်နှာပြင် အမျိုးအစား သုံးထားနိုင်ပါတယ်။ 50W Charger (Warp Charge 50) ပါလာမယ်လို့လည်း သတင်းထွက်နေပါတယ်။ OnePlus 8 နဲ့ 8 Pro ကို မတ် သို့မဟုတ် ဧပြီလမှာ ကြေညာနိုင်ပါတယ်။ ထုံးစံအရတော့ OnePlus က မေလမှာ မိတ်ဆက်နေကျဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: