DxOMark မှာ ကင်မရာ အကောင်းဆုံး ဖြစ်လာတဲ့ Xiaomi Mi 10 Pro

Xiaomi အသစ်စက်စက် ကြေညာထားတဲ့ စွမ်းရည်မြင့် Mi 10 Pro ဟာ DxOMark ရဲ့ ကင်မရာ အကောင်းဆုံး ဖုန်းစာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ ၁၂၄ မှတ်ရသွားပြီး Huawei Mate 30 Pro 5G ကို နန်းချလိုက်ပါတယ်။ 108MP Samsung Sensor ပါလာပြီး OIS ကို ထောက်ပံ့ထားပါတယ်။ Low-light မှာ အရမ်း အသေးစိတ်ကျတဲ့ ပုံရိပ်တွေဖမ်းယူပေးနိုင်တဲ့ RAW Multi-frame Noise Reduction Algorithm ပါပါတယ်။ 2x Optical Zoom ပါတဲ့ 12MP Telephoto ၊ 10x Hybird Zoom နဲ့ 50x Digital Zoom ပါတဲ့ 8MP Telephoto နဲ့ 20MP Ultrawide Angle ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP Ultrawide ဖြစ်ပါတယ်။

သူ့ရဲ့ Digital Zoom ဟာ 0.6x ကနေ 50x အထိ ရှိပါတယ်။ ပင်မကင်မရာရဲ့ ရုပ်ထွက် အရည်အသွေးဟာ အရင်နှစ်ထုတ် Mi CC9 Pro နဲ့ တူပေမယ့် ထောင့်ဘက်စွန်းတွေရဲ့ ကြည်လင်ပြတ်သားမှုနဲ့ Low Light Performance က ပိုကောင်းပါတယ်။ အိမ်တွင်း ၊ အိမ်ပြင်ဘက်မှာ ရိုက်ကူးတဲ့အခါ HDR ထုတ်လုပ်မှုက အရမ်းလန်းပါတယ်။ Telephoto ကင်မရာ ၂ လုံးက 5x Zoom မှာတောင် အသေးစိတ်ကျအောင် ရိုက်ကူးပေးပါတယ်။

ညဘက်ရိုက်တဲ့ ရုပ်ပုံတွေကလည်း အရမ်းလန်းပြီး Noise နည်းပါးသလို Dynamic Range က ကျယ်ပါတယ်။ White Balance နဲ့ Autofocus Performance က တိကျပါတယ်။ မြင်ကွင်းကျယ် ကင်မရာက အရမ်း အသေးစိတ်ကျပါတယ်။

အားနည်းချက်တချို့တော့ ရှိပါတယ်။ တခါတလေမှာ အရောင်ထုတ်လုပ်တာ သိပ်မကောင်းဘဲ မြင်ကွင်းကျယ် ကင်မရာကနေ HDR ဓါတ်ပုံတွေ ရိုက်တဲ့အခါမှာ Ghost Effect တွေ ပါနေပါတယ်။ 108MP ကင်မရာဟာ တခြား ပြိုင်ဘက်တွေထက် Depth of Field ကျဉ်းတဲ့အတွက် တခါတလေ Focus အောက်နေတတ်ပါတယ်။

ဗီဒီယို အပိုင်းမှာ Mi 10 Pro ရဲ့ Video Stabilization , Fast Autofocus တွေက နေ့ဘက်ရော ညဘက်ပါ အရမ်း အသေးစိတ်ကျပါတယ်။ Dynamic Range ဟာ အကန့်အသတ်ရှိပြီး Low Light တွေမှာ တခါတလေ Noise ပါတတ်ပါတယ်။

Ref : gsmarena

%d bloggers like this: