Samsung Galaxy A50s အတွက် Android 10 အခြေပြု One UI 2.0

Samsung က Galaxy A51 နဲ့ Galaxy A71 ကို ကြေညာပြီးပါပြီ။ အခုတော့ Galaxy A50s အတွက် Android 10 အခြေပြု One UI 2.0 ကို ဖြန့်ချိပေးလိုက်ပါတယ်။ ဗီယက်နမ်က အဲဒီဖုန်းတွေမှာ Android Update ရပြီဆိုတဲ့ Notification ရနေကြပါတယ်။

ဗားရှင်းနံပါတ်က A507FNXXU3BTB2 ဖြစ်ပြီး Android 10 Update မှာ User Interface က ပိုရှင်းလင်းလာပါတယ်။ Location နဲ့ Privacy Control တွေ ပိုကောင်းလာပြီး ကျန်းမာရေးစောင့်‌ရှောက်ပေးမယ့် Digital Wellbeing လုပ်ဆောင်ချက် ပါလာပါတယ်။ Google ရဲ့ Navigation Gestures အသစ်တွေ ထည့်သွင်းထားပါတယ်။

သင့် Samsung Galaxy A50s မှာ Software Update ရပြီလားဆိုတာ သိချင်ရင် Settings ထဲမှာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: