WhatsApp သုံးသူ ၂ ဘီလီယမ်ကျော်သွားပြီ

Facebook က ၂၀၁၄ ခုနှစ်မှာ WhatsApp ကို ဒေါ်လာ ၂၁.၈ သန်းနဲ့ ဝယ်ယူခဲ့ပြီး အဲဒီအချိန်တုန်းက WhatsApp သုံးစွဲသူ သန်း ၅၀၀ ရှိပါတယ်။ အခုတော့ အဲဒီ ပမာဏထက် အဆများစွာ တိုးတက်လာပါပြီ။ WhatsApp က သုံးစွဲသူ ၂ ဘီလီယမ် ရှိပြီလို့ ကြေညာလိုက်ပါတယ်။

၂၀၁၆ ခုနှစ်မှာ သုံးစွဲသူ ၁ ဘီလီယမ်နဲ့ ၂၀၁၈ ခုနှစ်မှာ ၁.၅ ဘီလီယမ်ရှိခဲ့တဲ့အတွက် ၂၀၂၀ ခုနှစ်မှာလည်း အရမ်း တိုးတက်လာတာပါ။ WhatsApp ဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးကိုလည်း အလေးပေး ပြုလုပ်ထားပြီး End-to-end Encryption ကို Default အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ သင့် Messages တွေကို သင့် ဖုန်းထဲမှာပဲ ထည့်ထားပြီး Cloud မှာ သိမ်းထားတာ မဟုတ်ပါဘူး။

ကုမ္ပဏီက အဲဒီ လုံခြုံရေး နည်းလမ်းတွေကြောင့် ပြိုင်ဖက်တွေထက် WhatsApp က ပို အသာရနေတာလို့ ပြောပါတယ်။ သုံးစွဲသူတွေ ဘေးကင်းလုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေ စိတ်ချရဖို့က WhatsApp ရဲ့ ဦးစားပေး အလုပ် ဖြစ်တယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: