Xiaomi Mi 10 ရဲ့ ပထမဆုံး တီဗီ ကြော်ငြာကို ပြသပြီ

Xiaomi က Mi 10 နဲ့ Mi 10 Pro တို့ကို တရုတ်မှာ မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ ပထမဆုံး တီဗီ ကြော်ငြာကို ထုတ်လွှင့်ပြသလိုက်ပါတယ်။ အဲဒီ ကြော်ငြာကို YouTube မှာ မျှဝေလိုက်ပြီး ၁၅ စက္ကန့်ကြာ ဗီဒီယိုမှာ MIUI 11 ၊ Wide-angle ကင်မရာ ၊ အရွယ်ကြီး မျက်နှာပြင်နဲ့ 10W Reverse Wireless Charging တွေကို ပြသထားပါတယ်။

Mi 10 မှာ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားမှာ သေချာပါတယ်။ ဗီဒီယိုမှာ User က Gallery မှာ မီဒီယာဖိုင်တွေကို လွယ်လွယ်ကူကူ နေရာပြောင်းနေပြီး မြင်ကွင်းကျယ် ကင်မရာနဲ့ ဗီဒီယို ရိုက်နေတာကို ပြသထားပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်အောက်က ဘောင်ဟာ အရမ်းကို ပါးလွှာပြီး တခြား ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးတဲ့ နည်းပညာကိုလည်း ပြသထားပါတယ်။ နောက်ဆုံး ပြကွက်မှာ အလန်းစား Zoom စွမ်းရည်ကို မြင်ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီက မျှဝေထားတဲ့ ဓါတ်ပုံတွေမှာ Periscope-type ကင်မရာ မပါတဲ့အတွက် အဲဒီ ဖုန်းမှာ Samsung Galaxy S20 Ultra နဲ့ Huawei P30 Pro မှာလို အလန်းစား Optical Zoom မပါလာနိုင်ပါဘူး။ Mi 10 Series တွေကို တရုတ်မှာ ဒီနေ့ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: