Huawei က ၂၃ ရက်နေ့မှာ ထုတ်ကုန် မိတ်ဆက်ပွဲ ကျင်းပမယ်လို့ အတည်ပြု

Huawei က ဘာစီလိုနာမှာ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲကို ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။ ၂၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ပိုစတာအရ အနည်းဆုံး Huawei Devices ၈ လုံးကို ကြေညာမှာပါ။ Huawei က ဒီသတင်းကို ကြေညာအပြီး နာရီပိုင်း အကြာမှာ GSMA က ကိုရိုနာ ဗိုင်းရက်စ်ကြောင့် MWC 2020 ကို မကျင်းပတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲဒီအတွက် Huawei က ကိုယ်တိုင် ပွဲ ၁ ခု ကျင်းပပြီး ထုတ်ကုန် အသစ်တွေကို ကြေညာမလားဆိုတာ မသိရသေးပါဘူး။

Huawei က အဲဒီပွဲမှာ laptop, tablet, foldable phone, TWS earbuds, smartwatch, TV, VR headset အပြင် ကားနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို ကြေညာနိုင်ပါတယ်။ အဲဒီထဲမှာ ဈေးသက်သာတဲ့ ခေါက်ချိုးဖုန်း Mate Xs လည်း ပါမယ်လို့ သတင်းထွက်နေပြီး သူဟာ Mate X နဲ့ ဒီဇိုင်းတူမှာပါ။ Kirin 990 5G Chipset ကို သုံးထားမှာပါ။

အဲဒီဖုန်းကို Huawei က အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ထားပြီဖြစ်ပြီး 65W Wired Fast Charging က တကယ် အလန်းစားကြီးပါ။ Mate X ထက် ဈေးသက်သာမှာ ဖြစ်တဲ့အတွက် ဈေးသက်သာတဲ့ ခေါက်ချိုးဖုန်း ဖြစ်လာမှာပါ။

Ref : gsmarena

%d bloggers like this: