Snapdragon 865 နဲ့ WiFi 6 ပါလာမယ့် Realme X50 Pro 5G

Realme က ဒီလထဲ ကျင်းပမယ့် Mobile World Congress (MWC) မှာ ပွဲ ၁ ခု ကျင်းပပြီး စွမ်းရည်မြင့် 5G ဖုန်း အသစ်ကို မိတ်ဆက်တော့မှာပါ။ X50 Pro 5G လို့ နာမည်ပေးထားမှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ CMO Xu Qi Chase က ဝီဘိုကနေ အတည်ပြုထားပါတယ်။ အခုလည်း ကုမ္ပဏီရဲ့ CMO Xu Qi Chase က သူ့မှာ Snapdragon 865 နဲ့ WiFi 6 ပါမယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။

သူ့မှာ Android 10 အခြေပြု Realme UI တို့ ထည့်သွင်းထားမှာဖြစ်ပြီး 12GB RAM နဲ့ 256GB Storage တွေ ပါမယ်လို့ အရင်က CMO က အတည်ပြုထားပါတယ်။ တခြား Memory Options တွေလည်း ရှိနိုင်ပါတယ်။ NFC နဲ့ Dual SIM Support တွေ ပါလာမှာ ဖြစ်ပေမယ့် Realme ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်း ဖြစ်တဲ့ X2 Pro မှာလို microSD Card Slot ကို ဖယ်ရှားထားနိုင်ပါတယ်။

Screenshot အရ X50 Pro 5G မှာ မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်နားမှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ၁ ခု ပါလာပြီး မျက်နှာပြင် အရည်အသွေးက FullHD+ ဖြစ်ပါတယ်။ X50 Pro 5G နဲ့အတူ Realme ဟာ MWC မှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်တီဗီကိုပါ ကြေညာမှာပါ။

Ref : gsmarena

%d bloggers like this: