Samsung က 25W Power Bank နဲ့ 45W Car Charger ကို ပြသ

Samsung က 10,000mAh Power Bank နဲ့ 45W Dual Car Charger ကို ပြသလိုက်ပါတယ်။ Qi Wireless Charging Pad ပါတဲ့ ပထမဆုံး Power Bank ဖြစ်ပြီး 7.5W Speed နဲ့ ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် Type-C Port ၂ ခု ပါလာပြီး USB PD နဲ့ 25 watts ကို ထုတ်လုပ်ပေးနိုင်ပါတယ်။

နောက်ထပ် Power Bank မှာ ကြိုးမဲ့ အားသွင်း စနစ် မပါလာဘဲ USB-A ပဲ သုံးလို့ရပါတယ်။ Port ၁ ခုကနေ 25W ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ပါတဲ့ Power Bank ကို ၈၀ ဒေါ်လာ သတ်မှတ်ထားပြီး နောက် Power Bank ရဲ့ဈေးကို မသိရသေးပါဘူး။ Galaxy S20 ဖုန်းတွေနဲ့အတူ မတ်လမှာ ရောင်းမယ်လို့ ထင်ပါတယ်။

45W Dual Car Charger မှာ Type-C Port ပါလာပြီး 45W ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ USB-A Port ကနေ 15W ကို ပံ့ပိုးပေးပါတယ်။ Samsung က S20 Ultra 5G နဲ့ Galaxy Note10+ တို့မှာပဲ 45W Charging ပါတယ်လို့ ပြောထားပါတယ်။

Ref : gsmarena

%d bloggers like this: