ကိုရိုနာ ဗိုင်းရက်စ်ကြောင့် MWC 2020 ကို မကျင်းပတော့

နှစ်စဉ် ကျင်းပနေတဲ့ Mobile World Congress 2020 ကို ဘာစီလိုနာမှာ လာမယ့် ၂၄ ရက်ကနေ ၂၇ ရက်အတွင်း ကျင်းပဖို့ စီစဉ်ထားကြတာပါ။ အခုတော့ ပွဲကျင်းပတဲ့ GSMA က ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ဒီနှစ်မှာ မကျင်းပတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

ဗိုင်းရက်စ်ကြောင့် နည်းပညာ ကုမ္ပဏီများစွာဟာ ပွဲမှာ မပါဝင်တော့ဘူးဆိုတဲ့ ကြေညာမှုတွေပြီးနောက်မှာ GSMA က ဒီလို ဆုံးဖြတ်လိုက်တာပါ။ မကြာခင်ကတော့ GSMA က စီစဉ်ထားတဲ့အတိုင်းပွဲကို ကျင်းပမှာ ဖြစ်ပြီး ပွဲတက်ရောက်မယ့် လူတွေအတွက် ဘေးကင်းလုံခြုံအောင် စီစဉ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

နည်းပညာ ကုမ္ပဏီများစွာက အဲဒီပွဲမှာ ထုတ်ကုန် အသစ်တွေကို ကြေညာဖို့ စီစဉ်ထားခဲ့ကြတာပါ။ တချို့ကလည်း ပွဲမှာ မပါဝင်တော့ပေမယ့် အွန်လိုင်းကနေ ကြေညာဖို့ အစီအစဉ်ပြောင်းလိုက်ကြပါတယ်။ ကုမ္ပဏီများစွာက ပွဲမှာ မပါဝင်တော့ဘူးလို့ ကြေညာခဲ့ပေမယ့် Huawei , OPPO , Xiaomi နဲ့ Motorola တို့ကတော့ စီစဉ်ထားတဲ့အတိုင်း ပြသမယ်လို့ ကြေညာထားပါတယ်။ ပွဲ မဖြစ်လာတော့ပေမယ့် အလန်းစား ထုတ်ကုန် အသစ်တွေကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: