Xiaomi Mi 10 မှာ 90Hz မျက်နှာပြင်နဲ့ 50W Charging ပါမည်

Xiaomi က တရုတ်မှာ Mi 10 နဲ့ Mi 10 Pro ကို အွန်လိုင်းကနေ မနက်ဖြန် ကြေညာတော့မှာပါ။ အဲဒီ ဖုန်းတွေရဲ့ Specs အကုန်လုံးနီးပါးကို ကုမ္ပဏီနဲ့ အရာရှိတွေက မျှဝေထားပြီးဖြစ်တဲ့အတွက် ပွဲမှာ ဘာတွေ ထပ်ကြေညာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

အခုတော့ Xiaomi နဲ့ စီအီးအို လီဂျွန်တို့ရဲ့ ဝီဘို အကောင့်ကနေ Mi 10 မှာ 90Hz မျက်နှာပြင်နဲ့ 50W Fast Charging ပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ အခုခေတ်စားနေတဲ့ 120Hz လောက် မမိုက်ပေမယ့် 50W က တော်တော်လန်းပါတယ်။

Mi 10 နဲ့ Mi 10 Pro တို့ရဲ့ မျက်နှာပြင်ဟာ AMOLED ဖြစ်ပြီး 1120 nit brightness အထိ ပံ့ပိုးပေးပါတယ်။ 180Hz Touch Sampling Rate ပါတဲ့အတွက် ထိတွေ့သုံးရင် မြန်ဆန်စေပါတယ်။ HDR10+ နဲ့ DCI-P3 Color Space ပါတဲ့အတွက် ရုပ်ထွက် အရမ်းလန်းမှာပါ။

အသစ်ထွက်ပေါ်ပေါက်ကြားလာတဲ့ ဓါတ်ပုံ ၁ ပုံအရ Mi 10 မှာ 4400mAh ဘက်ထရီနဲ့ 30W Wireless Charging ပါမယ်လို့ သိရပါတယ်။ တခြား Wireless Device တွေကို အားသွင်းပေးနိုင်တဲ့ 10W Reverse Charging ပါပါတယ်။ မနက်ဖြန်မှာတော့ Mi 10 Series တွေရဲ့ တရားဝင် သတင်းအချက်အလက်တွေကို သိရတော့မှာပါ။

Ref : gsmarena

%d bloggers like this: