Xiaomi က MWC ပွဲမှာ ပါဝင်ပြသမယ်လို့ အတည်ပြု

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ကုမ္ပဏီများစွာက MWC မှာ မပါဝင်ကြတော့ပါဘူး။ ဒါပေမယ့် Xiaomi က ပါဝင် ပြသမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက ဒီသတင်းကို တွစ်တာကနေ အတည်ပြုလိုက်တာ ဖြစ်ပြီး ဝန်ထမ်းတွေ ဘေးကင်းစေမယ့် အစီအစဉ်တွေကိုလည်း ကြေညာထားပါတယ်။

Xiaomi ဟာ ဥရောပ ရုံးတွေက ဝန်ထမ်းတွေကိုပဲ ပွဲကို ခေါ်မှာ ဖြစ်ပြီး ပွဲ မလာခင် ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေးထားမှာပါ။ GSMA ရဲ့ ညွှန်ကြားမှုအတိုင်း ပွဲမှာ ပြသမယ့် ထုတ်ကုန်အားလုံးကို ပိုးသတ်ထားမှာပါ။

တရုတ်က လာတဲ့ ဝန်ထမ်းတွေနဲ့ အရာရှိတွေဟာ ပွဲမတိုင်ခင် ၁၄ ရက်ကြိုပြီး တရုတ်က ထွက်လာရမှာဖြစ်ပြီး ရောဂါလက္ခဏာတွေ မပြသရပါဘူး။ Xiaomi က ၂၃ ရက်နေ့မှာ စမတ်ဖုန်း အပါအဝင် ထုတ်ကုန် အသစ်များစွာကို ပြသမှာ ဖြစ်ပြီး Xiaomi Mi 10 နဲ့ Mi 10 Pro တို့ ပါဝင်ပါတယ်။ MWC ကို ဦးဆောင်ကျင်းပတဲ့ GSMA အဖွဲ့အစည်းက ပွဲကို စီစဉ်ထားတဲ့ အတိုင်းကျင်းပမယ်လို့ အရင်က ပြောထားပေမယ့် အခုတော့ အစည်းအဝေး ကျင်းပပြီး ပွဲ ရပ်နားရမလားဆိုတာ ဆုံးဖြတ်တော့မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: