OPPO Find X2 မှာ 120Hz QHD+ နဲ့ 240Hz Touch Sampling ပါမယ်လို့ အတည်ပြုလိုက်ပြီ

OPPO CEO Brian Shen က Find X2 မှာ 120Hz QHD+ နဲ့ 240Hz Touch Sampling ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ SDR ကနေ HDR Content ကို ပြောင်းပေးတဲ့ နည်းပညာ ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် ရုပ်ထွက်တွေက အရမ်းလန်းနေမှာပါ။ ဒီလ ၂၂ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။
https://twitter.com/BrianShenYiRen/status/1226416293110321152
မျက်နှာပြင်ဟာ Samsung က ထုတ်ပေးတဲ့ Curved OLED Panel ဖြစ်နိုင်ပါတယ်။ ၆.၅ လက်မ အရွယ်အစား ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာ ၁ လုံးကို မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်မှာ တပ်ဆင်ထားပါတယ်။ Snapdragon 865 Chipset နဲ့ X55 5G Modem ထည့်သွင်းထားနိုင်ပါတယ်။

OPPO Find X2 မှာ Sony ရဲ့ ကင်မရာတွေ သုံးထားမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ကင်မရာ သတင်းအချက်အလက်တွေကို ပိုသိလာရပါပြီ။ OPPO နဲ့ Sony တို့ဟာ 48MP IMX689 Sensor ကို ပူးပေါင်းထုတ်လုပ်ထားပြီး Dual-pixel Autofocus ကို ထောက်ပံ့တဲ့ Omni-directional Autofoucs ကို ဖန်တီးပေးမှာပါ။ IMX708 Ultrawide Sensor နဲ့ 13MP Telephoto Sensor (5x Hybrid Optical Zoom) တွေနဲ့ တွဲဖက်ထားမှာပါ။

OPPO Find X2 မှာ အရင်မျိုးဆက်လိုပဲ အလန်းစား Specs တွေ ပါလာမှာပါ။ အဲဒီထဲကမှ 50W Wireless Charging က တော်တော်ကြမ်းပြီး ကြိုးမဲ့အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။ ပထမမျိုးဆက် Find X မှာ အရမ်းမြန်တဲ့ Wired Charging ပါလာပြီး နောက်မျိုးဆက်မှာ အရမ်းမိုက်တဲ့ Wireless Charging နဲ့ လူတွေကို အံ့အားသင့်အောင် ဖမ်းစားတော့မယ်လို့ သတင်းထွက်နေပါတယ်။

OPPO က 30W Wireless Charging နည်းပညာကို ပြသခဲ့ပြီးပေမယ့် အဲဒီ နည်းပညာ ပါတဲ့ ဖုန်းကို မိတ်ဆက်ခြင်း မရှိသေးပါဘူး။ အဲဒီအတွက် OPPO Find X2 မှာ 50W Wireless Charging ပါမယ်ဆိုတာ သိပ်မသေချာသေးပါဘူး။

Ref : gsmarena

%d bloggers like this: