ကိုရိုနာ ဗိုင်းရက်စ်ကြောင့် Intel , Vivo နဲ့ MediaTek တို့ MWC မှာ မပြသတော့

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် MWC မှာ မပါဝင်တော့တဲ့ ကုမ္ပဏီတွေ များလာပါပြီ။ LG, ZTE , Sony , Nvidia နဲ့ Amazon တို့က နည်းပညာ ပြပွဲကို လက်ရှောင်လိုက်ပြီလို့ ကြေညာထားပါတယ်။ အခုတော့ Vivo ကလည်း သူတို့ လမ်းစဉ်ကို လိုက်တော့မှာပါ။ Vivo က ဝန်ထမ်းတွေနဲ့ လူထုရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် MWC မှာ မပါဝင်တော့ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

TCL ကလည်း MWC မှာ မပါတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ Intel နဲ့ MediaTek တို့ကလည်း သူတို့ လမ်းစဉ်ကို လိုက်တော့မှာ ဖြစ်ပါတယ်။ MWC ကို ဦးဆောင်ကျင်းပတဲ့ GSM Association က ကိုရိုနာ ဗိုင်းရက်စ်ကို စောင့်ကြည့်လေ့လာနေပြီး ပြပွဲမှာ ပါဝင်မယ့် ကုမ္ပဏီ ၂၈၀၀ ကျော် ရှိနေသေးတယ်လို့ မနေ့က ကြေညာထားပါတယ်။

GSMA က ပွဲ တက်ရောက်မယ့် လူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မယ့် အစီအစဉ်တွေကို ကြေညာထားပါတယ်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က လာတဲ့ လူတွေကို ပွဲတက်ခွင့် မပေးထားပါဘူး။ ဒါ့အပြင် တရုတ်ပြည်မကြီးက လာတဲ့ လူတွေဟာလည်း တရုတ် ပြင်ပ ရောက်နေတာ ၁၄ ရက်ကျော်ရှိပြီဆိုတဲ့ အထောက်အထားတွေကို ပြသရမှာပါ။

Ref : gsmarena

%d bloggers like this: