Motorola Razr Blush Gold Version ထွက်မည်

Motorola Razr 2019 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကြေညာခဲ့ပြီး Noir Black ၁ ရောင်ထဲပဲ ထုတ်လုပ်ထားပါတယ်။ အခုတော့ နွေဦးမှာ Blush Gold အရောင် ထုတ်လုပ်ရောင်းချမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ အဲဒီ အရောင်ကို ရောင်းချမယ့် နေ့ရက် အတိအကျကို မသိရသေးပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်က ထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေအရ သူ့ရဲ့ ဒီဇိုင်းကို သိလာရပါပြီ။ အဲဒီ ဓါတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။ Blush Gold မော်ဒယ်ရဲ့ Specs တွေက မူလမော်ဒယ်နဲ့ တူနိုင်ပါတယ်။

Razr ဟာ ဒေါင်လိုက် ခေါက်ချိုး ဖုန်း ဒီဇိုင်း ဖြစ်ပေမယ့် ကွေးညွှတ်မျက်နှာပြင် ထည့်ထားပါတယ်။ ဖုန်းကို ခေါက်ချိုးထားတဲ့အခါမှာ သိပ်ပြီး မထူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အပြင်ဘက်မှာ Quick View External Touchscreen တပ်ဆင်ထားပြီး Notification တွေ ကြည့်တာ၊ ဆဲလ်ဖီးဆွဲတာ၊ သီချင်းဖွင့်တာ၊ Google Assistant သုံးတာတွေ ပြုလုပ်နိုင်ပါတယ်။

16MP Main Camera မှာ Laser Auto Focus , Night Vision Mode နဲ့ Electronic Image Stabilization တွေ အပြင် ဉာဏ်ရည်တု လုပ်ဆောင်ချက်တွေ ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 5MP ပါ။

Motorola razr specifications

• 6.2-inch (2142 x 876 pixels) 21:9 Cinemavision foldable pOLED screen, external 2.7-inch (600 x 800 pixels) 4:3 gOLED screen
• Octa Core Snapdragon 710 10nm Mobile Platform (Dual 2.2GHz Kryo 360 + Hexa 1.7GHz Kryo 360 CPUs) with Adreno 616 GPU
• 6GB (LPPDDR4x) RAM, 128GB storage
• Android 9.0 (Pie)
• 16MP rear camera with dual LED flash, f/1.7 aperture, 1.22um pixel size, EIS, Dual Pixel autofocus (AF), Laser AF
• 5MP front-facing camera with f/2.0 aperture, 1.12um pixel size,screen flash
• Fingerprint sensor
• Dimensions: 72 x 172 x 6.9mm (Unfolded) 72 x 94 x 14mm(folded); Weight: 205g
• Splash-proof with water resistant nanocoating
• Bottom-ported speaker, 4 mics
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC, USB 3.0 Type-C
• 2510mAh battery with 15W TurboPower fast charging

Ref : fonearena , gsmarena

%d bloggers like this: