Samsung Galaxy S20, S20+, S20 Ultra နဲ့ Z Flip ရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်များ

Samsung က Unpacked Event မှာ Galaxy S20, S20+, S20 Ultra နဲ့ Z Flip ဖုန်းတွေကို ပူပူနွေးနွေးကြေညာထားပါတယ်။ ဗြိတိန်နဲ့ ဥရောပမှာ သူတို့ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး အမေရိကန်မှာ S20 Series တွေကို ၂၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာပါ။ မတ်လ ၈ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပြီး ဂျာမနီနဲ့ ဥရောပနိုင်ငံတွေမှာ မတ်လ ၁၃ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။ ဥရောပမှာ ကြိုတင်မှာယူသူတွေကို Galaxy Buds+ လက်ဆောင်ပေးမှာပါ။

Galaxy Z Flip ကို အမေရိကန်မှာ ၁၄ ရက်နေ့မှာ ရောင်းပေးမှာဖြစ်ပြီး ဗြိတိန်နဲ့ ဥရောပ နိုင်ငံတွေမှာ ကြိုတင်မှာယူနိုင်ပါပြီ။ ဥရောပမှာ ၂၁ ရက်နေ့နဲ့ ဗြိတိန်မှာ ၁၃ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။ အောက်မှာ သူတို့အားလုံးရဲ့ နိုင်ငံအလိုက်ဈေးတွေကို ဖော်ပြထားပါတယ်။ အမေရိကန်မှာ S20 Series တွေအတွက် 5G မော်ဒယ်ကိုပဲ ရောင်းပေးမှာ ဖြစ်ပြီး တခြား နိုင်ငံတွေအားလုံးမှာ 4G မော်ဒယ်ကိုပါ ရောင်းပေးမှာပါ။ Galaxy Z Flip အတွက် 4G နဲ့ S20 Ultra အတွက် 5G ကိုပဲ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: