Samsung က ဒီဇိုင်းအလန်းစား ခေါက်ချိုးဖုန်း Galaxy Z Flip ကို ကြေညာပြီ

Samsung က ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ Galaxy Z Flip ကို ကြေညာလိုက်ပါပြီ။ Galaxy Fold လို အရွယ်အစား မကြီးမားဘဲ ဒေါင်လိုက်ခေါက်ချိုးနိုင်တဲ့အတွက် အရွယ်အစား သေးငယ်ကျစ်လစ်ပါတယ်။ သူ့မှာ ၆.၇ လက်မ Dynamic AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး အရင် ခေါက်ချိုးဖုန်းတွေလို မဟုတ်ဘဲ အပေါ်မှာ Ultra Thin Glass Layer နဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီအတွက် ခြစ်ရာတွေ ပိုခံနိုင်ပါတယ်။ အရည်အသွေးက 1080x2636p ဖြစ်ပြီး သူ့လို ဒေါင်လိုက် ခေါက်ချိုးဖုန်း ဖြစ်တဲ့ Motorola Razr ထက် Pixel ၅၀ ရာခိုင်နှုန်း ပိုများပါတယ်။

သူ့ရဲ့ အနောက်ဘက်မှာ ၁.၁ လက်မ Super AMOLED မျက်နှာပြင်သေး ၁ ခု ထည့်သွင်းထားပြီး ဖုန်းကို ခေါက်ထားရင် Notification တွေကို ပြသပေးပါတယ်။ Snapdragon 855+ ပါလာပြီး 8/256GB ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ UFS 3.0 Storage ပါတဲ့အတွက် မိုက်ပါတယ်။

အပြင်ဘက်မှာ 12MP ပင်မကင်မရာနဲ့ 12MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး အတွင်းဘက်မှာ 10MP ကင်မရာ ၁ လုံး ပါပါတယ်။ ဖုန်းကို တစ်ဝက်လောက်ခေါက်ပြီး စားပွဲပေါ်တင်ကာ ဆဲလ်ဖီး ဆွဲနိုင်တာ၊ Video Call လုပ်နိုင်တာက မိုက်ပါတယ်။ 15W Charging ပါတဲ့ 3300mAh ဘက်ထရီ ပါသလို Wireless Charging လည်း ထည့်ထားပါတယ်။ Android 10 အခြေပြု One UI 2.0 ပါလာပြီး အနက်၊ ခရမ်းနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပါတယ်။ ၁၃၈၀ ဒေါ်လာ သတ်မှတ်ထားပြီး သိန်း ၂၀ လောက်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: