Microsoft Surface Duo ရဲ့ ဗီဒီယို ထွက်ပေါ်လာ

Microsoft က ဖုန်းလိုရော တက်ဘလက်လိုပါ သုံးနိုင်တဲ့ Surface Duo ကို ပြသခဲ့ဖူးပြီး သူ့မှာ ၅.၆ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အခုတော့ Surface Duo ရဲ့ Hands-on ဗီဒီယို ၁ ခု ထွက်ပေါ်လာပြီး မျက်နှာပြင် ၁ ခုမှာ App ၁ ခုကို သုံးနေတာ မြင်ရပါတယ်။ ဒါ့အပြင် App ၂ ခုကို မျက်နှာပြင် ၂ ခုမှာ ဘေးချင်းယှဉ်ပြီး အသုံးပြုနေတာ မြင်ရပါတယ်။

သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲက သတင်းထွက်နေတဲ့ Surface Phone ဖြစ်ပါတယ်။ ဒါပေမယ့် အများ ထင်ထားသလို မဟုတ်ပါဘူး။ သူဟာ Android Phone ဖြစ်ပြီး ၅.၆ လက်မ Display ၂ ခု ပါပါတယ်။ Display ၂ ခုကို ခေါက်ချိုး သုံးနိုင်ပါတယ်။ Display ရဲ့ အထက်နဲ့ အောက်က ဘောင်တွေက ထူလွန်းနေတာ ဒိတ်အောက်တဲ့ ဒီဇိုင်း ဖြစ်နေပါတယ်။

ခေတ်စားနေတဲ့ ခေါက်ချိုး Display လည်း မပါပါဘူး။ Display ၂ ခုကို ဆက်ထားတာ ဖြစ်ပါတယ်။ ဓါတ်ပုံနဲ့ App တွေကို Display ၂ ခုမှာ တဆက်ထဲ ပြသနိုင်ပေမယ့် အလယ်က အဆက်ကြောင့် ကြည့်ရတာ မမိုက်ပါဘူး။ ဒုတိယ Display က စာရိုက်ဖို့နဲ့ ဂိမ်းကစားဖို့ ဖန်တီးထားပြီး ဒီလို ဒီဇိုင်းမျိုးကို LG Dual Screen နဲ့ ROG Phone ရဲ့ Twin Dock တွေမှာ တွေ့ခဲ့ဖူးပါတယ်။

Ref : gsmarena

%d bloggers like this: