RedmiBook ကို အိန္ဒိယမှာ ရောင်းတော့မည်

Redmi India က မနက်ဖြန်မှာ ထုတ်ကုန် အမျိုးအစား အသစ် ၁ ခုကို ကြေညာမယ်လို့ တွစ်တာမှာ ကြေညာလိုက်ပါတယ်။ အဲဒါကတော့ RedmiBook PC ဖြစ်နိုင်ပါတယ်။ ၂၂ စက္ကန့်ကြာ ဗီဒီယိုမှာ ပီစီ ထောင့်စွန်းလို့ ထင်ရတဲ့ ရုပ်ပုံတွေကို ပြသထားသလို စက်ဖွင့်ထားတဲ့ အခြေအနေကိုပါ မြင်ရပါတယ်။


Redmi India က Indian Ministry of Commerce and Industry မှာ RedmiBook ကို မှတ်ပုံတင်ထားတဲ့အတွက် ပြီးခဲ့တဲ့ လကတည်းက RedmiBook ကို အဲဒီမှာ ကြေညာတော့မယ်ဆိုတဲ့ သတင်းထွက်လာတာပါ။

Redmi က ၂၀၁၉ မေလမှာ ပထမဆုံး ပီစီဖြစ်တဲ့ RedmiBook 14 ကို ကြေညာခဲ့တာပါ။ လအနည်းငယ်အကြာမှာ မော်ဒယ်အသစ် RedmiBook 14 Enhanced Edition ကို ချပြခဲ့ပြီး Intel 10th Gen Processor ပါလာပါတယ်။ အောက်တိုဘာလမှာ AMD Ryzen Processor ပါတဲ့ မော်ဒယ်တွေကို ကြေညာခဲ့ပြီး ၂၀၁၉ မကုန်ခင်မှာ အရွယ်သေး RedmiBook 13 ကို ချပြခဲ့ပါတယ်။ အိန္ဒိယမှာ ကြေညာမယ့် မော်ဒယ်ကို မသိရသေးပါဘူး။

Ref : gizmochina

%d bloggers like this: