ကိုရိုနာ ဗိုင်းရက်စ်ကြောင့် MWC 2020 မှာ Sony မပါဝင်တော့

အကြီးကျယ်ဆုံး နည်းပညာ ပြပွဲ ၁ ခု ဖြစ်တဲ့ MWC 2020 ကို စတင် ကျင်းပတော့မှာပါ။ ဒါပေမယ့် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ကုမ္ပဏီတွေက မပါဝင်ပြသကြတော့ပါဘူး။ အဲဒီစာရင်းထဲကို ပါဝင်လာတာက Sony ပါ။

Sony က “ ကိုရိုနာ ဗိုင်းရက်စ် ကူးစက်မှု အခြေအနေကို ကုမ္ပဏီက အမြဲ စောင့်ကြည့်နေပြီး WHO ကလည်း ကမ္ဘာ့ အရေးပေါ် အခြေအနေ အဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကြေညာထားပါတယ်။ ကျွန်တော်တို့ ဖောက်သည်တွေ လုပ်ဖော်ကိုင်ဖက်တွေ ၊ မီဒီယာတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းရေးဟာ အရေးကြီးတယ်လို့ ခံယူတဲ့အတွက် MWC မှာ မပါဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်လိုက်ပါတယ်။ “ လို့ ကြေညာလိုက်ပါတယ်။

ဂျပန် ကုမ္ပဏီက အစောပိုင်းကတော့ ဘာစီလိုနာမှာ ၂၄ ရက်နေ့ ထုတ်ကုန် အသစ်တွေကို ကြေညာဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး အခုတော့ အွန်လိုင်းကနေပဲ ကြေညာတော့မှာပါ။ MWC မှာ မပါတော့မယ့် တခြား ကုမ္ပဏီတွေထဲမှာ Amazon , LG , ZTE တို့ ပါဝင်ပါတယ်။

Ref : androidauthority

%d bloggers like this: