8GB RAM ပါတဲ့ Xiaomi Mi 10 Pro ကို GeekBench မှာ တွေ့ရှိ

Xiaomi က ၁၃ ရက်နေ့မှာ အွန်လိုင်းကနေ Mi 10 Series တွေကို တရုတ်မှာ ကြေညာတော့မှာပါ။ ဒီနှစ်မှာ အနောက်ကို ဖောက်ထွင်းမြင်ရတဲ့ မော်ဒယ်တော့ ဒီနှစ်မှာ မထွက်လာနိုင်ပါဘူး။ အခုတော့ GeekBench မှာ Mi 10 Pro ကို တွေ့လာရပြီး 8GB RAM ထည့်ထားပါတယ်။ ဒါဟာ အခြေခံ မော်ဒယ် ဖြစ်နိုင်ပြီး နောက်ဆုံးထုတ် အလန်းစား Snapdragon 865 ထည့်ထားဖို့ များပါတယ်။

အရင်ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံတွေအရ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဘယ်ဘက်ထိပ်မှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 108MP Main ကင်မရာ ပါလာနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ Punch Hole ၁ ခု တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။

Mi 10 Series တွေမှာ LPDDR5 RAM နဲ့ WiFi 6 ပါလာနိုင်ပါတယ်။ Mi 10 Pro မှာ 66W Fast Charging နဲ့ Mi 10 မှာ 30W Fast Charging ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Mi 10 Pro မှာ Wireless Fast Charging လည်း ပါလာမှာပါ။ Wireless Fast Charging ရဲ့ အမြန်နှုန်းကို မသိရသေးပါဘူး။

Ref : gizmochina

%d bloggers like this: